Ep 4

1.6K 64 5
                                    

ချလွင်....ချလွင်

ဆိုင်ရဲ့ တံခါးခေါင်းလောင်းသံမြည်တာကြောင့် လှည့်ကြည့်တော့

"ဟင်..."

ဝင်လာတဲ့ကောင်မလေးနှစ်ယောက်ကြောင့် ထားအံ့ဩမိသည်မှာအမှန်ပင် သူတို့က တခြားသူမဟုတ် ကလေးရဲ့ သူငယ်ချင်းကောင်မလေးတေ သူတို့က ထကို မသိပေမယ့် ထားကတော့ ကလေး တစ်ခါ ဓာတ်ပုံပြဖူးတာကြောင့် သိသည်။ ထောင့်စွန်းဝိုင်းမှာ ဝင်ထိုင်တဲ့ကောင်မလေး နှစ်ယောက်နား ထား မသိမသာ သွားကပ်ရပ်နေလိုက်သည်။ ကလေးရဲ့သတင်းများ ကြားမလား ဆိုတဲ့စိတ်လေးနဲ့ သွားရပ်နေမိသည်။

"အမ....အမ"

ထားအတွေးလွန်နေတာနဲ့ ကလေးမလေးခေါ်တာ မကြားမိ နှစ်ကြိမ်လောက်ခေါ်မှ အသိဝင်ကာ....

"ဟုတ် ဘာများလိုအပ်လို့လည်း မသိဘူး...."

"ဟိုဟာလေ ညမတို့ကို menu လေးအပေးလို့ရမလား...."

ကဲ အဲ့တာသာကြည့် ဘလောက်တောင် ကလေးက ထားစိတ်ကို စိုးမိုးလည်း ဆို ကလေးအကြောင်းတွေးတိုင် ဘာဆိုဘာမှ သတိမထားမိတော့ခြင်းပင်။ထားလည်း အားနာကာ...ဘေးမှ Menu စာအုပ်ကို ဆွဲယူပြီးပေးလိုက်ကာ စာရွက်နှင့်ဘောပင်ကိုင်ပြီး အသင့်စောင့်နေလိုက်သည်....

"ဟိုလေ အမ tuna sandwich တစ်ပွဲရယ် ဘာဂါရယ် capuchino နှစ်ခွက်ရယ် ပေး‌နော် ..."

"ဟုတ် ကျေးဇူးပါ...."

ထိုကလေးမလေး နှစ်ယောက်မှာတာတေ ကောင်တာသို့သွားပို့ပြီး ကောင်တာဘေးမှာရပ်ပြီး တီးတိုးပြောနေတဲ့နှစ်ကောင်ကိုလှမ်းစလိုက်သည်...

"ဟဲ့ နင်တို့ဘာပြောနေကြတာလည်း တိုးတိုး တိုးတိုးနဲ့"

ထားသခင် မေးတော့ လှိုင်သစ္စာမှ ကလေးသူငယ်ချင်းနှစ်ယောက်ရဲ့ဝိုင်းသို့ မေးငေါ့ကာ....

"ဘာပြောရမှာလည်း ဟိုမှာလေ အဲ့ကောင်မလေးနှစ်ယောက်ထဲက ညာဘက်မှာ ထိုင်နေတဲ့ကောင်မလေး ကို တွေ့လား...."

"အွန်းတွေ့တယ်လေ ဘာလို့လည်း...."

"ငါ စိတ်ဝင်စားလို့ ဟီးဟီး...."

"ဘာ....."

ထားသခင် အံ့ဩတာ မဆန်းပေ။ သူကိုယ်သူ straight စစ်စစ်ပါဆိုပြီးပြောနေတဲ့လူက အဲ့ကောင်မလေးကို စိတ်ဝင်စားလို့တဲ့....။.

ရွှေမင်းသမီးလေးရဲ့ကိုယ်ရံတော် (Uni/Zawgyi)Where stories live. Discover now