part 10 - 1🌻

35 7 2
                                    

🌻

ဂျောင်ကုအခန်းထဲဝင်လာတော့...ခလေးကနိုးနေပီပြတင်းပေါက်ဘက်ကို..မျက်နှာမူပီးဆွေးဆွေးလေးကြည့်နေရှာတယ်.....ကလေးရဲ့ဘေးနားသွားပီးနောက်ကနေသိုင်းဖတ်ထားလိုက်တယ်.....

"ခလေး‌အိပ်ရေးဝရဲ့လား'

'ဝပါတယ်ဂျွန်ရဲ့'မေမေတို့ရော'

"ကိုယ်ခဏပြန်နားခိုင်းထားတယ်...ဒီညခလေးဘေးမှာကိုယ်ရှိနေပေးမယ်လေ'

'အင်း'

'ခလေးဘာဖစ်နေလို့လဲနေမကောင်းဘူးလား'

ဖတ်ထားတာကိုလွှတ်လိုက်ပီးခလေးနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။

‌'ကောင်းပါတယ်ဂျွန်ရဲ့...ဘာမှလည်းမဖစ်ပါဘူး'

'အဆင်မပြေတာရှိရင်ကိုယ့်ကိုပြောနော်'

'အင်းပါ'
'ဂျွန်"

'ဗျာ'

'မင်းငါ့ကိုကတိပေးနိုင်မလား'

'ဘာကတိလဲခလေးရဲ့'

'မင်းဘာတွေပဲဖစ်‌ေနဖစ်‌ေနကျောင်းပီးအောင်တတ်ပီးမင်းဖစ်ချင်တဲ့ဆရာဝန်တ‌ေယာက်ဖစ်အောင်လုပ်ပါ့မယ်လို့'...လူတွေရဲ့အသက်ကိုကယ်ပေးပါဂျွန်......

'ခလေးကကွာအခုချိန်မှာအဲ့တာတွေကအရေးမကြီးပါဘူး'

'မင်းငါ့ကိုကတိပေးပါ'

'ခလေး!

'ပေးမယ်မလား'

'ဟူးးးးကောင်းပါပီကိုယ်ပေးပါတယ်'

'ယုံလိုက်မယ်နော်ဂျွန်'

'ခလေးကိုယ်ပြောစရာရှိတယ်'

ပြောစရာရှိတယ်ဆိုပီးကုတင်အောက်မှာဒူးထောက်ချလိုက်သောဂျွန်......ထို့နောက်ဘောင်းဘီအိတ်ထဲကလက်စွပ်ဘူးလေးကိုထုတ်ပီး.......

'ခလေးကိုယ့်ကိုလက်ထပ်ပေးနိုင်မလား'

ခလေးကကျွန်တော်ထင်ထားသလိုအုံဩမနေခဲ့...ကျွန်တော်လုပ်သမျှတိုင်းကိုဆွေးဆွေးလေးသာကြည့်နေတယ်.........ပီးမှ.........

'ဂျွန်မင်းသိလား'ငါအရင်တုန်းကမင်းကိုပြောဖူးပါတယ်...ငါလက်ထပ်ရင်နေကြာပန်းခင်းထဲမှာရိုးရိုးရှင်းရှင်းလေးသာလက်ထပ်ချင်တယ်လို့....ပီးတော့ငါဆုတောင်းဖူးတယ်ကိုယ်ချစ်တဲ့သူနဲ့သက်ဆုံးတိုင်နေနိုင်ဖို့...အခုငါ့ ဆန္ဒတွေကတခုမှမဖစ်နိုင်တော့ဘူး.....ဟက်"သိပ်ရီရတယ်နော်မွေးလာတည်းကဆေးနဲ့အသက်ဆက်ကတဲ့ငါကတနေ့ဒီလိုအဆုံးသတ်မယ်မှန်းကြိုသိနေခဲ့တာတောင်....ငါကအိမ်မက်တွေမက်ခဲ့ဖူးတယ်....အခုအားလုံးအဆုံးသတ်ရတော့မယ်ဂျွန်.....ပီးတော့ငါ့အတွက်ကြောင့်နဲ့တခြားဘယ်သူ့ရဲ့ဘဝကိုမှ ဒုတ်ခမပေးချင်တော့ဘူး....ငါစိတ်ဖြောင့်ဖြောင့်နဲ့ပဲသွားချင််တယ်....အဲ့တာကြောင့်ငါမင်းကိုပေးထားတဲ့ကတိကိုပြန်ရုတ်သိမ်းတယ်ဂျွန်...ငါမင်းကိုလက်မထပ်တော့ဘူး......ဘယ်တော့မှ...

ကိုယ်ရယ်🌻မင်းရယ်🌻နေကြာတွေရယ်🌻Where stories live. Discover now