Ch 8

43.4K 4K 199
                                    

Unicode

"ဘုရားပွဲ"

"ဟုတ်တယ် ညီနောင်.....ဒီကနေ ၃၃ မိုင်လောက်ဆက်သွားရင် ရောက်တဲ့ ရွာကန်ရိုး ဆိုတဲ့ရွာမှာ တစ်နှစ်တစ်ခါ လုပ်တဲ့ဘုရားပွဲရှိတယ်။ ကြားတာတော့ မြို့ကစိန်၀ိုင်းမြိုင်မင်းသားရဲ့ အငြိမ့်အဖွဲ့တောင်ငှားထားတယ်ဆိုပဲဗျ"

"စိန်၀ိုင်းမြိုင်မင်းသားရဲ့ဇာတ်အဖွဲ့ဆို တော်တော်စျေးကြီးမှာပဲ ဆရာလေးရ"

ရိုးမမှ ပြန်လာပြီး သုံးရက်ခန့်အကြာ နောင် လည်းအိမ်တွင်းအောင်းသုတေသနလုပ်ရင်း ပျင်းပျင်းရှိလာသည်နှင့် ရွာထဲ ဝင်လာရင်းမှ ရွာကျောင်းဘက် လမ်းကြုံဝင်ခဲ့ခြင်းဖြစ်သည်။ မုဆိုးကြီးကတော့ မနက်တည်းကပေါက်တူးတစ်လက်ထမ်းကာဘယ်ထွက်သွားသည်မသိ။ ကျောင်းပိတ်ရက်ဖြစ်ပေမယ့် တာဝန်ကျဆရာလေးကတော့ ကျောင်းတွင် စာအုပ်တစ်ပုံနှင့်အလုပ်များနေတော့သည်။ ‌နောင် လာသည်ကြောင့် စကားစမြည်ထိုင်ပြောရင်းမှ ရွာဘုရားပွဲဘက် စကားလမ်းကြောင်းရောက်သွားခဲ့ရသည်။

"ဟုတ်တယ်ဗျ။ ကြည့်ရတာ ဒီတစ်နှစ် ပဲအထွက်ကောင်းပုံပဲ။ ပုံမှန်တောင် ရွာကန်ရိုးက ရွာကြီးဆိုတော့ ဘုရားပွဲဆိုလူစည်နေကျ.......... ဒီနှစ်ဆိုပိုစည်မယ်ထင်တယ် ညီနောင်ရဲ့။ ရွာနီးချုပ်စပ် က သူတွေပါလာကြမှာဗျ။ ကျွန်တော်တို့ရွာက မိန်းကလေးတွေဆိုအ၀တ်အစားတောင်ကြိုပြင်ဆင်နေပေါ့ဗျာ"

"ဆရာလေးက သွားမှာလားဗျ"

"သွားမှာပေါ့ဗျ......ညီနောင့်ကိုလည်း လိုက်စေချင်တယ်။ ဘုရားပွဲနဲ့ဆိုက်ဆိုက်မြိုက်မြိုက်ကြုံတုန်းပေါ့ဗျာ"

ဆရာလေး ပြောစကားကို နောင် တစ်ချက်စဥ်းစားလိုက်သည်။ ရွာဘုရားပွဲဟူသည် နောင် အတွက် မကြုံဖူးသည့်ကိစ္စ။ ထို့ကြောင့် သွားကြည့်ချင်မိသည်။ နေ့ဘက်တွင်အလှူမဏ္ဍပ် ကြီးငယ်ထိုး အလှူပေးကြပြီး ညဘက်တွင် မုန့်စျေးတန်း ပွဲစျေးတန်းတို့နှင့် နာမည်ကြီးဇာတ်အဖွဲ့တို့ငှားရမ်းကာကျင်းပကြသည့် ရွာဘုရားပွဲဟူသည် နောင့် လိုမြို့ပြနေသူတို့အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးမဟုတ်ပါလား။

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now