FOUR

129 12 1
                                    

Part 4

2Min လို့ရေးထားတဲ့ဆိုင်လေးထဲကို၂ယောက်သားဝင်ခဲ့ကြတယ် ဆော့ဂျင်ကိုသိနေတဲ့ဝန်ထမ်းတွေကမြင်တာနဲ့ခေါင်းငုံ့အရိုသေပေးလိုက်ကြတယ်...

sj-မင်းတို့သူဌေးရော...

အခုနအိမ်ကရုပ်နဲ့တခြားစီ လူတိုင်းကြောက်ကြတဲ့ဆော့ဂျင်ဖြစ်သွားပြန်တယ်...

"ဒီနေ့မလာကြသေးပါဘူး"

sj-အင်း

သူတို့လဲပြန်ထွက်လာပီးအိမ်ပဲမောင်းလိုက်တယ် ရောက်တာနဲ့ဆော့ဂျင်ဟာသူ့အိမ်လိုတန်းဝင်သွားတာကြောင့်နမ်ဂျွန်းမှာကြောင်တောင်တောင်လေးပါသွားတယ်

sj-ထိုင်ဉီးနော်...ဟိုဟာတွေကအိပ်တုန်းနေမယ်...

သူလဲမီးဖိုခန်းထဲဝင်ပီးတခုခုလုပ်နေလိုက်တယ် ပီးမှပန်းကန်တစ်ချက်နဲ့ပြန်ထွက်လာတယ်လေ

sj-စားဉီးမလား ကင်မ်ချီထမင်းကြော်...

nj-တော်ပါပီ

ဘေးမှာအားရပါးရထိုင်စားနေတဲ့ဆော့ဂျင်ကိုမသိမသာတမျိုးသိသာအောင်တမျိုးကြည့်ပီးခံစားချက်ဖြစ်ပေါ်နေတဲ့သူ့ကိုယ်သူမနည်းထိန်းနေရတယ် ဘယ်လိုပဲပြောပြောအရမ်းချစ်ဖို့ကောင်းအောင်မနေသင့်ဘူးဆော့ဂျင်ရာ...ငါ့စိတ်တွေပြောင်းကုန်ရင်ဘယ်လိုလုပ်မလဲကွာ...

🖤🖤🖤

jm-မွှေးနေတာပဲ...ဟင် ဟျောင်းရောက်နေတာလား

ဆော့ဂျင်၂ပန်းကန်လောက်စားပီးမှဆင်းလာတဲ့လင်လင်အတွဲ...သူတို့ကလက်ထပ်ပီးတာ၁နှစ်လောက်ရှိပီလေ...

sj-အင်း သွား ထမင်းကြော်လုပ်ပေးထားတယ်...

ဂျီမင်းလဲမီးဖိုခန်းထဲဝင်သွားပီးသူ့ဖို့ရောသူ့ယောကျာ်းဖို့ပါထည့်နေတယ်လေ

yg-ထူးထူးဆန်းဆန်းပါလား အလည်လာတာလား

ထိုင်ပီးပြောလိုက်တယ်

sj-အလုပ်ကိစ္စပါ...

yg-အလုပ်...အလုပ်...မင်းခေါင်းထဲမှာအချိန်ပြည့်အလုပ်ပဲရှိတာလား...

မင်ယွန်းဂီဆိုတာကသူ့ရဲ့သူငယ်ချင်းပဲပေါ့ သူတို့၃ယောက်ကအရမ်းခင်ခဲ့ကြတာလေ...ယွန်းဂီကသူ့ချစ်ယောကျာ်းနဲ့အတူ2Minဆိုတဲ့ဆိုင်လေးဖွင့်ထားတယ် အစုံရတဲ့ဆိုင်ဆိုပေမယ့်စားသောက်ဆိုင်ကြီးတော့မဟုတ်ပဲcafeအကြီးစားလိုလေးပေါ့..

Sweet RevengeWhere stories live. Discover now