ရိုမန့်တစ်မဆန်သော ရိုမန့်တစ်

7K 743 215
                                    


First date!

ပထမဆုံးချိန်းတွေ့ရမည်ဖြစ်တာကြောင့် ဂျီမင်အလွန်ပင် စိတ်လှုပ်ရှား
နေခဲ့သည် ။
သူ၏ online ပေါ်က ရည်းစားက
ဓာတ်ပုံထဲက အတိုင်းပဲလား ။
အဲ့လိုမဟုတ်ပါဘဲ ဓာတ်ပုံကို
ကာဗာထားပြီး ရုပ်ဆိုးဆိုး
လူကြီးများလား ။

ကျွန်တော့် ရည်းစား နာမည်က
ဂျွန်ဂျောင်ဂု ။
အသက် ၂၈ နှစ် ။ အလုပ်အကိုင်က
အရက်ဘားတစ်ခုရဲ့ ပိုင်ရှင် ။
သူနဲ့ jungkookie က တွဲနေတာ
၅လရှိပြီ ။
ထယ်ယောင်းကတော့ ပြောတယ်
Online ပေါ်က လူတွေမယုံဖို့ ။
Online ပေါ်က ရည်းစားထားလို့
ထယ်ယောင်းဆီက အဆူလည်းခံခဲ့
ရတယ် ။

ကျွန်တော်က ရှေးရိုးကျတဲ့
အသိုင်းအဝိုင်းက..။ ဘူဆန်မှာနေပြီး
‌jungkookieနဲ့က ပထမဆုံး ရည်းစားထားဖူးခဲ့တာ ။
ကျွန်တော့်ရဲ့စိတ်က ဘယ်လိုပြော
ရမလဲ..ကျွန်တော်ကိုယ်တိုင်တောင်
ကျွန်တော့်စိတ်ကို နားမလည်ဘူး ။
ကျွန်တော့်က လူ့ပတ်ဝန်းကျင်ကို
တိုးဝင်ဖို့ ကြောက်ရွံ့တတ်တဲ့
အကျင့်ရှိတယ် ။ အပေါင်းအသင်း
ဆိုလို့ ထယ်ယောင်းတစ်ယောက်သာ
ရှိတယ် ။ ကျွန်တော်က
တသီးတသန့် နေတတ်လို့ အပေါင်းအသင်းလည်း ရှားတယ် ။

Social media သုံးတာ ကြာပြီဆိုသော်လည်း ကျွန်တော့် အချစ်ရေးကို
စိတ်မဝင်စားခဲ့ဘူး ။ ချွင်းချက်အနေနဲ့
Jungkookieကိုတော့ မြင်မြင်ချင်း
သဘောကျမိတာ ။ အသက်အရွယ်အရ
တခြားသူတွေကြားရင်
ကိုယ့်ထက်
အသက်အရမ်းကြီးလို့ ထင်ကြ
လိမ့်မယ် ။ ကျွန်တော့်အတွက်ကတော့
Jungkookieနဲ့ ကျွန်တော်က အသက်သိပ်မကွာပါဘူး ။၁၀နှစ်ထဲပါ ။

ကျွန်တော် gay ဆိုတာ မိဘတွေ
ဆွေမျိုးတစ်ယောက်မှမသိဘူး ။
ထယ်ယောင်း နဲ့ ကျွန်တော့်အစ်ကို
ယွန်းဂီ နဲ့ပဲ သိတာ ။ ယွန်းဂီဟျောင်းက
အနေအေးပြီး စာလည်းတော်တယ် ။
Basketballကစားတာလည်း တော်တယ် ။ ဟျောင်းကို ပြောပြဖို့ ကြောက်နေခဲ့ပေမယ့် ညီအစ်ကိုအချင်းချင်း
တွေဆိုပေမယ့် သူငယ်ချင်းတွေလို
ပေါင်းတာမို့ ဖွင့်ပြောကြည့်
လိုက်တော့ ဟျောင်းက အံ့ဩမသွားဘဲ
တုံ့ပြန်မှု့က အေးဆေးပဲ ။
“ကျွန်တော်က ယောင်္ကျားလေးတွေပဲ
စိတ်ဝင်စားတာ” လို့ပြောခဲ့တယ် ။
ဟျောင်းက “အဲ့တော့ ဘာဖြစ်လဲ”
ဘာဖြစ်လဲဟုပြောပြီး
ပြန်အိပ်သွားရော ။

You've reached the end of published parts.

⏰ Last updated: Jun 19, 2023 ⏰

Add this story to your Library to get notified about new parts!

ရိုမန့်တစ်မဆန်သော ရိုမန့်တစ် || One Short Where stories live. Discover now