Part~18

1.2K 59 2
                                    

                    ဘုရားရိပ် တရားရိပ်သည်အေးချမ်းသော်လည်း သူ့ရင်ထဲတွင်တော့ပူလောင်နေပါ၏။သူ့ကလေးငယ်အကြောင်း သူသိပါသည်။ကလေးငယ်သည် လူကြီးသူမအပေါ်သိတတ်သော ကလေးတစ်ယောက်ဖြစ်ပြီး တစ်ဖက်တွင်လည်း အန်တီလေးသည် လူကြီးတစ်ယောက်ဖြစ်သောကြောင့် လက်လွှတ်စပယ်ပြောမှာမဟုတ်။သူဝေခွဲရခက်နေသည်။ထိုခံစားချက်နှင့်အတူ ၀မ်းနည်းသည်ဟုလည်းမဆိုအပ်သော နာကျင်မှုတချို့ပါခံစားရသည်။ကလေးငယ်ကို သူအော်မိသည်။သူမှားပြီဟု ခံစားလိုက်ရသည်။

                   အတွေးနယ်ချဲ့နေ၍ အန်တီလေး၏ခေါ်သံကို သူမကြားလိုက်။အန်တီလေးက သူ့ပုခုံးကိုပုတ်၍ခေါ်မှ အသိပြန်၀င်လာရသည်။

"သားပိုင် အန်တီလေးခေါ်တာတောင်မကြားရအောင် ဘာတွေတွေးနေတာလဲ၊မဟုတ်မှလွဲရော ဟိုကောင်လေးအကြောင်းတွေးနေတာလား"

              အန်တီလေး မကြိုက်မှာစိုး၍ သူလိမ်လိုက်ရပြန်သည်။သို့သော် အဂ္ဂ၏မျက်လုံးကိုသာ သေချာဖတ်ကြည့်တတ်မည်ဆိုပါက သူလိမ်ညာနေကြောင်း တွေ့ရမည်ဖြစ်သည်။

"အာ မဟုတ်ပါဘူး အန်တီလေးရဲ့၊ကျွန်တော်က တခြားအကြောင်းတွေးနေတာပါ"

                  မကြာခင် သူတို့ဘုန်းကြီးကျောင်းပေါ်ရောက်လာသောအခါ တရားထိုင်နေသော ဘုန်းတော်ကြီးအားတွေ့ရသည်။ဘုရားအား၀တ်ပြုကာ ဘုန်းတော်ကြီးကိုပါ ၀တ်ပြုလိုက်ပြီး တူ၀ရီးနှစ်ယောက်ငြိမ်သက်စွာထိုင်နေကြသည်။မိနစ်အနည်းငယ်မျှကြာသောအခါ ဘုန်းတော်ကြီးက တရားထိုင်ခြင်းအားရပ်တန့်ပြီး သူတို့အားကြည့်လာသည်။

"ဪ ဒကာလေးအဂ္ဂခွန်းပိုင်ပါလား ဒါနဲ့ဒီက ဒကာမကြီးကဘယ်သူတုန်းကွဲ့"

                အဂ္ဂ မိတ်မဆက်ပေးခင် ဒေါ်မြတ်ခွန်းနွယ်က သူ့ကိုယ်သူမိတ်ဆက်လာသည်။

"တပည့်တော်က ဒီကသားပိုင်ရဲ့ အန်တီလေးပါဘုရား၊ဒီဘက်ကို အလုပ်ကိစ္စနဲ့လာရင်း သားပိုင်အလုပ်တွေအဆင်ပြေမပြေလာကြည့်တာပါဘုရား"

"ဪ  ဒါနဲ့ သုတတစ်ယောက်ရောကွဲ့၊ဒကာလေးနဲ့လိုက်သွားရဲ့မလား"

ချစ်ခြင်းတည်စေWhere stories live. Discover now