Part.16

622 51 1
                                    

Unicode

"ပစ္စည်းတွေမေ့ကျန်ခဲ့မယ်နော်..သေချာကြည့်
ကြအုံး..ခွန်းလေးကြားလား"

"အင်းလို့!!"

မနက်ခင်းချောင်းသာက‌နေပြန်ကြတော့မှကြောင့်
ရွက်ဝါရဲ့‌ပွစိပွစိမှာနေတဲ့အသံတွေကိုခွန်း
စိတ်မကြည်တော့ပေဟိုကိုပြန်ရောက်ရင်လဲ
ဘာတွေဆက်လုပ်ရမလဲမသိနိုင်တာကြောင့်စိတ်
တွေက.လေးနေလေပြီ။

"ဒါဆိုအစ်မတက်နှင့်မယ်နော်"

"အင်း..တက်လေ"

ရွက်ဝါကကားပေါ်တက်သွားတာနဲ့မကြာလိုက်
မိုးညကပါအထုတ်တွေတင်ပြီးတက်သွားလေ
တော့သည်။ခွန်းလဲမနေ့ကသင်္ဘောပေါ်ကအဖြစ်
အပျက်ကိုပြန်တွေ့မိရင်မျက်နှာတွေသိသိသာသာ
ရဲလာတာမို့နှောင်းနဲ့မျက်နှာချင်းမဆိုင်မိအောင်
ရှောင်နေပြီးနှောင်းကတော့ခွန်းနောက်ကိုသာ
လိုက်ကပ်နေလေသည်။

"ခွန်းပေးနှောင်းတင်ပေးမယ်"

"မလိုပါဘူး"

"ပေးပါဆို..အလေးကြီးတွေကို"

"ရော့..ရော့..အဲ့ဒါဆိုလဲCEOသာသယ်လိုက်တော့
ခွန်းကားပေါ်တက်တော့မယ်"

"မဟုတ်"

"ကူညီပေးတာကျေးဇူးပဲ!!"

"ဟာ..ဒီဟာလေးကတော့သူနဲ့အတူနေချင်လို့ပါ
ဆို..ငါ့ကိုအထုတ်တွေနဲ့ပြစ်ထားခဲ့တယ်"

နှောင်းတစ်ယောက်ထဲပွစိပွစိနဲ့အထုတ်တွေ‌သယ်
နေတာကိုကားထဲကနေကြည့်ပြီးခွန်းရီနေမိသည်။

-နည်းတောင်နည်းသေးတယ်-

ခဏကြာတော့အားလုံးပြီးသွားတာနဲ့နှောင်းလဲ
ကားပေါ်တက်လိုက်ကာပင်လယ်ကြီးကို
နူတ်ဆက်ပြီးအိမ်အပြန်လမ်းကိုစတင်ခဲ့တော့
သည်။

မိုးည-"နူတ်ဆက်ပါတယ်နောက်မှပြန်လာခဲ့မယ်
           ပင်လယ်ကြီးရေ!!!"

နှောင်း-"နောက်တစ်ခါပြန်လာရင်ငါသိပ်ချစ်တဲ့
              သူနဲ့အတူပြန်လာခဲ့မယ်ပင်လယ်ကြီးရေ"

ခွန်း-"ပြန်လာတော့မှာမဟုတ်လို့နူတ်ဆက်ပါတယ်

အားလုံးကိုယ်စီနူတ်ဆက်ကြပေမဲ့ရွက်ဝါကတော့
ပြုံးပြုံးလေးသာကြည့်နေလေသည်။ကားလေး
ဟာတရွေ့ရွေ့နဲ့အိမ်အပြန်လမ်းကိုမောင်းလာခဲ့
ကြပေမဲ့အလာတုန်းကလိုဆူညံသံလေးတွေရှိ
မနေပေ..နှောင်းကလည်းအိမ်ပြန်ရောက်ရင်ကိုကို့
အမှုအတွက်ဆက်လိုက်ရမှာဖြစ်လို့အရင်လိုခွန်းနဲ့
အေးဆေးနေလို့မရပေ...ခွန်းကျတော့လဲအိမ်ကို
ပြန်ရောက်တာနဲ့ရေပြင်လှိုင်းရဲ့ကကြိုးဆွဲရာကို
ဆက်ကရအုံးမှာမို့ဖြစ်လာမဲ့အရာတွေကိုတွေးပြီး
အလာတုန်းကလိုမပျော်နိုင်ပေ....

လျှို့ဝှက်ကကြိုးWhere stories live. Discover now