မိတ်ဆက် မိတ္ဆက္

17K 750 52
                                    

ဘာလို့ အဓိက ဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ

ဖော်ပြချက်

ကျိုင်ရှင်းချန်က "လူချမ်းသာတို့ရဲ့ အားပြင်းတဲ့ ချစ်ခြင်း"ဆိုတဲ့ variety showအကြောင်း ကျောရိုးယူ ရေးထားတဲ့ ၀တ္ထုတစ်ပုဒ်ထဲကို ၀ိဉာဉ်ကူးပြောင်းသွားခဲ့တယ်။ ဧည့်သည် ရှစ်ယောက်လုံးနီးပါးက အလှတရားတွေနဲ့ ကြွယ်၀မှုကို ပေါင်းစည်းထားကြတယ်။ ဒါကြောင့်ပါပဲ ချစ်ခြင်းတရားကို အဓိကထားတဲ့ variety show တွေထဲမှာ အထွတ်အထိပ်ဖြစ်လာတယ်။

ဥပမာအားဖြင့်ဧည့်သည်နံပါတ်တစ်ဆိုရင် အေးစက်တဲ့ စရိုက်ရှိတယ်။ ဒီတော့ လူတိုင်းက သူ့ကို ရှောင်ကြတယ်။ သူက သူ့ဘ၀မှာ စီးပွားရေး ဒေတာတွေကိုပဲ စိတ်၀င်စားဖူးတယ်။ ဒါပေမဲ့ သူ့မှာ အရမ်း အရမ်း အရမ်းကို ချောမောလွန်းတဲ့ မျက်နှာရှိနေတယ်။ သူ့ရဲ့ သာမန်အပြုံးကတင် လူတွေကို ရှက်သွေးကြွပြီး လေပေါ်မြောက်အောင် လုပ်နိုင်တယ်။ သူက အနာဂတ်စီးပွားရေး အင်ပါယာကြီးရဲ့ ဆရာတစ်ဆူလည်း ဖြစ်နေသေးတယ်။သူက အလိုရှိသမျှကို ဘလက်ကတ်နဲ့ ဖြေရှင်းနိုင်တယ်။

ဧည့်သည်နံပါတ်နှစ်က နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိတယ်။ သူရဲ့ အရပ်က ၁၉၁ စင်တီမီတာမြင့်ပြီး ခွေးထီးလို ခါး( မတရား ဆွဲဆောင်မှုပြင်းတဲ့ ကောက်ကြောင်းနဲ့ ချပ်ရပ်နေတဲ့ ခါးမျိုးပေါ့နော်.. ဒါကို ဘယ်လိုရှင်းပြရမလဲ.. )တောင့်တင်းသန်မာတဲ့ ကြွက်သားနဲ့ လောကရဲ့ ကျော်ကြားမှုတွေကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းမှုတိုရဲ့ သားတော်ဖြစ်တယ်။ အခုဆိုရင် သူက ကိုယ်ပိုင်စီးပွားရေးကို စတင်နေဆဲဖြစ်နေသေးပေမဲ့ တစ်နှစ်အတွင်းမှာ ၀ုန်းခနဲ ထိုးတက်ပြီး ချမ်းသာသွားမယ့် ကံကြမ္မာပိုင်ဆိုင်ထားတဲ့လူဖြစ်တယ်။ဒီလိုနဲ့ သူက ငယ်ရွယ်တဲဲ့ အချိန်ကာလမှာတင် အဆင့်အတန်းမြင့် တန်း၀င် ကုမ္ပဏီကြီးရဲ့ ပိုင်ရှင်ဖြစ်လာတယ်။

ဧည့်သည်နံပါတ်သုံးကတော့ တသီးတသန့်နေတတ်ပြီး အပျော်အ ပါးကို ရှောင်ကျဉ်တဲ့ လူကောင်းလေးဖြစ်တယ်။ သူရဲ့ ရှပ်အကျီတွေကို အမြဲ လိုလို ထိပ်ဆုံးထိ ကြယ်သီးအပြည့် တပ်ထားတတ်ပြီး အရမ်း အသန့်ကြိုက်တဲ့ သူ့မှာ ကြောက်လန့်ဖွယ် နှလုံးသားကို ပိုင်ဆိုင်ထားသေးတယ်။ သူကတော့ အိမ်တွင်း e-sportsလောကက ကျော်ကြားတဲ့ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်တယ်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now