MOANA

696 74 5
                                    

ဟီဆွန်း...အီဟီဆွန်း

ဒီအမျိုးသားဟာ ကျွန်တော့်အတွက်တော့ အသက်ရှည်ဆေးလေးဖြစ်မယ်။

နွေဦးလေပြည်လို နူးနူးညံ့ညံ့ရှိလှတဲ့ ဒီအမျိုးသားရဲ့ အပြုံးတွေဟာ ဒဏ်ရာတွေကို ကုစားနိုင်တယ်ထင်ရဲ့။

​အီဟီဆွန်းပြုံးတိုင်း ကျွန်တော့်ရင်ထဲ ပန်းတွေပွင့်သလို အီဟီဆွန်းငိုလျှင်တော့ ကျွန်တော့်ရင်ထဲ မိုးတွေပြိုရပါတယ်။

အသံလေးကြားရရုံနဲ့တင် ကျွန်တော့်မှာ စားဝင် အိပ်ပျော်လို့ ၉၆ပါးရောဂါ အကုန်ပျောက်ရတော့တာပဲ။

ကျွန်တော့်ထက် အသက်၁နှစ်ကြီးတဲ့ အနှီအမျိုးသားကို ကျွန်တော်ကတော့ အမြတ်တနိုးနဲ့ "ကိုကို" လို့ ခေါ်ဆိုပါတယ်။

•••

"ကိုကိုရေ...ဒီနေ့ ပန်းတွေပို့စရာကျန်သေးလား"

"ခဏနေ ပန်းစည်းသွားပို့ရမှာတော့ရှိတယ်...ဘာဖြစ်လို့လဲ"

"ကျွန်တော်သွားပို့ပေးမယ်လေ ကိုကိုရဲ့"

"ဂျယ်ယွန်း မင်းစာမလုပ်ဘူးလား...ကျူရှင်တက်ရမယ်ဆို...အရေးကြီးတဲ့ အထက်တန်း နောက်ဆုံးနှစ်ရောက်နေပြီ...မင်းကတော့ ဒီမှာပဲ အချိန်လာဖြုန်းနေတယ်"

ကိုကိုက ဆူပူဟန်ပြောလာပေမဲ့ ဂျယ်ယွန်းနားထဲတော့ ပျားရည်ပုံးလိုက် လောင်းချလိုက်သလိုပါပဲ။ အသံကြည်ကြည်အေးအေးလေးက ဆူနေတာတောင် ထိုင်နားထောင်ချင်စရာကောင်းတုန်း။

မျက်မှောင်ကြုတ်ထားကာ စိတ်ဆိုးဟန်ပြနေပုံက ချစ်စဖွယ်အတိ။ မသိမသာ စူထွက်ချင်နေတဲ့ နှုတ်ခမ်းပါးလေးများကတော့ ဂျယ်ယွန်းပြစ်မှားချင်မိတဲ့ ပျားရည်အိုင်လေးသာ...။

"အင်းပါ ကိုကိုရယ်...သိပြီမို့ ကျူရှင်လည်း သေချာတက်မယ် စာလည်း သေချာလုပ်မယ်...ကတိ ကတိ"

ဂျယ်ယွန်းက မျက်နှာငယ်လေးနဲ့ ကတိခံတော့မှ ကိုကိုက မျက်နှာကြောလျှော့တော့သည်။

သူနဲ့ကိုကို့ရဲ့ဆက်ဆံရေးဟာ ခေါင်းစဉ်တပ်ရတော့ ခက်နေသေးသည်။ သေချာပေါက် သူကတော့ ကိုကို့ကို ကြိုက်နေတာပေါ့လေ။ ဒါကတော့ အင်္ဂါဂြိုဟ်ကလှမ်းကြည့်တောင် အသိသာကြီးရယ်။

MOANA || HeeJake||Место, где живут истории. Откройте их для себя