Chapter 1224

350 38 1
                                    

စာစဉ် 82 Chapter 1224 မင်းမှာ အခွင့်အရေး တစ်ကြိမ် ထပ်ရှိမယ်

*လောကအပြင်ဘက် ဟင်းလင်းပြင်ထဲကနေ ကြယ်တာရာတစ်လုံးကို ဆွဲခေါ်နိုင်တာက ဘယ်လို နည်းလမ်းကြီးလဲ*

*ဒါက ရှောင်နန်ရဲ့ နေလုံးပုံစံ ပြောင်းတာထက်အောင် ကြောက်စရာကောင်းသေးတယ်*

*ဘာလို့လဲဆိုတော့ ဒါကြီးက တကယ့် ကြယ်တာရာ အစစ်ကြီးလေ*

"မင်း ... မင်း ဘယ်သူလဲ"

ယဲ့မိသားစု သွေးပျက်သွားသည်။

"မင်း ... မင်း ဘယ်သူလဲ"

တစ်ဖက်လူက ဘာတစ်ခွန်းမှ မပြောဘဲ သူတို့ကို သတ်ခဲ့သည်။ သူ သတ်သည့်နည်းလမ်းကလည်း ကြယ်တာရာ တစ်လုံးကို ဆွဲယူ၍ သတ်သည့် နည်းလမ်း ဖြစ်နေ၏။

လက်ရှိအခြေအနေက စိုးရိမ်စရာ ကောင်းနေသဖြင့် သူတို့ မေးခွန်း မေးကိုမေးမှ ဖြစ်ပေတော့မည်။ အကယ်၍ သူတို့ မမေးပါက သူတို့၏ ဂုဏ်သတင်း ကျဆင်းသွားရလိမ့်မည်။

"ယဲ့ဘုရင်၊ သူက ယဲ့ဘုရင်ပဲ"

ရုတ်တရက် ယဲ့မိသားစုဝင်တစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။

"သူ ဒီနည်းလမ်းမျိုး သုံးတာကို ငါ မြင်ဖူးတယ်၊ သူပဲ ဖြစ်ရမယ်၊ မမှားနိုင်ဘူး"

"ဘာ"

ရှောင်နန်နှင့် အခြားသူများ အမူအရာ ပြောင်းလဲသွားကြသည်။

*ဒီကောင်က ယဲ့ဘုရင် ဖြစ်နေတာလား*

ယဲ့ဖန်ကို မမြင်ဖူးကြသည့် ဖန်သားပြင်မှ ကြည့်နေသူတစ်ချို့လည်း ချက်ချင်း ဂနာမငြိမ် ဖြစ်လာကြသည်။ ယဲ့ဖန်က အလွန် ငယ်ရွယ်နေသဖြင့် မယုံသင်္ကာဖြစ်နေလေသည်။

"အဲ့ကောင် ရှောင်နန်ရှေ့မှာ ပေါ်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ကြည့်ရတာ သူက ငကြောက် မဟုတ်ဘဲ အရူး ထင်တယ် ဟားဟားဟား"

"ဟားဟားဟား ဟုတ်တယ်၊ သူက အရူးပဲ၊ သူက အရူး မဟုတ်ရင် ဘာလို့ သူက ဒီလိုအတွေးရှိမှာလဲ"

"မင်းတစ်ယောက်တည်းအားနဲ့ ဘုရင် ခုနစ်ပါး၊ ရှစ်ပါးကို တစ်ပြိုင်တည်း တိုက်ကြည့်ပါလား"

ငရဲမှလာသောသူ (Chapter 1201-1400)Where stories live. Discover now