- 4

135 28 0
                                    

Harua's POV //

တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းတက်ရက်အတွက် အတော်လေးစိတ်လှုပ်ရှားနေမိတာတော့အမှန်ပဲ။

သူငယ်ချင်းအသစ်တွေလည်းရတာပဲ။
ဟိုရက်ကတွေ့ထားတဲ့ Joရယ် မနေ့ကတွေ့လာတဲ့ ကြောင်ကလေးက မိုချီ။

သူစိမ်းတွေကိုမရင်းနှီးတတ်တဲ့သူက Jo နဲ့တော့ မေဂျာကလည်းနီးတဲ့အပြင် ရွယ်တူနီးပါးမို့လို့ တအားမရင်းနှီးသေးပေမယ့်လည်း အနေမစိမ်းနေတော့။

Taki နဲ့ Nicholas ကတစ်မေဂျာမို့ တကယ်လည်းသူက အဖော်မဲ့နေတာလေ။ ဒီနေ့တော့ အဖော်မမဲ့တော့ပါ။ Jo နဲ့သူက မနက်ခင်းကျောင်းအတူတူသွားကြဖို့သဘောတူထားကြပြီးပြီ။

တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်နေတုန်း ဝင်လာတဲ့ဖုန်းကြောင့် မြန်မြန်လက်စသတ်လိုက်ရတယ်။
နံပါတ်ကမရင်းနှီးသူမို့ ဘယ်သူပါလိမ့်။

"ဟယ်လို!"

"မောနင်း Harua! ကိုယ်စတိုးဆိုင်မှာရောက်နေပြီ"

"အာ ဟုတ်ပြီ! အခုလာမယ်နော်"

အော် Jo ကိုး! ဒါနဲ့သူ့ဖုန်းနံပါတ်ဘယ်ကရ...
အယ် ဟုတ်သား! ဟိုရက်က Joဖုန်းနဲ့ဆက်လိုက်တာ။
သူကမေ့ပြီး မမှတ်ထားရတာပဲ။ Jo ဆိုတဲ့နာမည်လေးပဲ ခပ်တိုတိုမှတ်ထားလိုက်ပြီး တိုက်ခန်းပေါ်ကနေ အောက်မုန်မြန်ဆင်းကာ စတိုးဆိုင်ဘက်ကိုသွားဖို့ ပြင်တယ်။

သူစတိုးဆိုင်ရောက်လာပေမယ့် Jo ကတော့ ထိုင်ခုံမှာစောင့်နေကာ လက်ထဲက တစ်စုံတစ်ခုကိုဆော့နေပုံရတယ်။

"မောနင်း Jo!"

သူနှုတ်ဆက်စကားဆိုလိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲကိုဖွက်လိုက်တာ ဘာပစ္စည်းများလဲ။

"တအားစောသွားလား"

သူကစောစောသွားမယ်လို့ပြောထားပါသော်လည်း
Jo ကစောင့်နေသူဖြစ်ပြီး နောက်ကျနေတဲ့
သူ့ကိုအပြစ်မပြောပါ။ သူကပင်ရောက်နေတာ စောသွားလားဆိုပြီး ပြန်လာမေးသေးတယ်။

"ဟင့်အင်း! သွားကြတော့မလား"

"အင်း သွားကြမယ်လေ"

တကယ်တော့ သူလမ်းမှတ်မိနေပါပြီ။
သူတို့လမ်းထိပ်ကမျက်နှာချင်းဆိုင်မှာရှိနေတဲ့
ကော်ဖီဆိုင်ကိုပဲ မှတ်ထားလိုက်တော့တယ်။
ကော်ဖီဆိုင်တွေ့ရင် သူတို့လမ်းရောက်လာပြီပဲ။
Jo တို့လမ်းထိပ်မှာကတော့ **စတိုးဆိုင်ရှိတယ်။

𝙼𝚢 𝙼𝚎𝚘𝚠𝚛𝚞𝚊 [Completed]Where stories live. Discover now