4 ( uni & zgyi )

195 29 0
                                    

Unicode

အဘိုးအိုကောင်းသည် အမတ်ချုပ်ကြီးအိမ်တော်၏ သီးသန့်ဆောင်၌ နေထိုင်ကာ ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေ၏။
သူသည် ကျန်းကျယ်ဟန့်၏ ကိုယ်တွင်းမှ ခံစားလိုက်ရသော စွမ်းအားတစ်ချို့ကို အဖြေရှာမရဖြစ်နေလေသည်။
သိုင်းပညာမတတ်မြောက်သောလူငယ်တစ်ယောက်၏ကိုယ်တွင်း၌ အံ့ဩဖွယ်အတွင်းအားအချို့ကို သူခံစားလိုက်ရသည်။

ပို၍ထူးဆန်းသည်က သူပင် ထိုအတွင်းအားကို ပုံဖော်ကြည့်ရန် မတတ်နိုင်ခြင်းဖြစ်သည်။ ထိုလူငယ်လေးသည် သူ့ကျင့်စဉ်များကို စိတ်ဖြင့်ခုခံရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအတွင်းအားသည် သူ့ကျင့်စဉ်များမှ ပုန်းကွယ်နေကာ ကျန်းကျယ်ဟန့်၏ကိုယ်ကိုလည်း ကာကွယ်ပေးနေသေးသည်။ အဘိုးကောင်းသည် ထိုလူငယ်လေး၏ ကိုယ်တွင်းစွမ်းအားတို့ကို ခြေရာခံရန်ကြိုးစားရင်း အချိန်တို့လင့်နေရလေပြီ....

သို့သော် သူသည် နောက်ဆုံးတွင် အဖြစ်နိုင်ဆုံးသော အဖြေတစ်ခုကို ရှာတွေ့ခဲ့လေသည်။

.........

ကုန်းကျွင့်သည် အိပ်ဆောင်တွင်း၌ ထိုင်နေရင်း အဘိုးအိုကောင်းပြောသည့်စကားကို အခါခါပြန်ကြားယောင်ရင်း စိတ်တိုင်းမကျဖြစ်နေမိသည်။

အဘိုးကောင်းသည် ထိုသူဆင်းရဲကို သူ၏စောင့်ရှောက်သူဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။ လူသားစောင့်ရှောက်သူဆိုသည်မှာ မရှိခဲ့ဖူးပါ။
စောင့်ရှောက်သူတို့သည် သခင်၏ နှလုံးသားဝိဉာဉ်နှင့်ယှဉ်တွဲနေထိုင်ရသည်။
သခင်၏ ဆင့်ခေါ်ခိုင်းစေခြင်းနှင့်အတူ လာရောက်ရပြီး အသက်ပေး၍ ကာကွယ်ရ၏။
ယခုလူငယ်ကမူ လူသားစစ်စစ်ဖြစ်နေခြင်းကြောင့် မည်သို့မျှမဖြစ်နိုင်ဟု ထင်မိသည်။

သို့သော် အဘိုးကောင်းကမူ ထိုသူငယ်ကို မသတ်စေဘဲ အကျဉ်းချထားစေလေသည်။
သူသည် ထိုင်နေ၍မရတော့သည့်အဆုံး အဘိုးအိုကောင်းထံသွားရောက်လိုက်သည်။

အဘိုးကောင်းသည် မျက်လုံးများကို ဖွင့်လာကာ ကုန်းကျွင့်ကို ကြည့်လာသည်။ ကုန်းကျွင့်၏ အလိုမကျစွာ ကျုံ့နေသော မျက်ခုံးနက်နက်များကြောင့် အေးချမ်းသော အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်၏။

The ProtectorWhere stories live. Discover now