13

1.1K 108 0
                                    

မနက်ဝေလီဝေလင်းဘဲ ရှိသေးပေမယ့် အွန်းနီ ဗိုက်ထဲ နေရတာတမျိုးကြီးဖြစ်လာတာ‌ေကြာင့်အိပ်‌ေနရင်း ထထိုင်လိုက်သည်။တစ်ဆစ်ဆစ်နဲ့ နာနေတာကြောင့် ဘယ်လိုမှလည်း ဆက်အိပ်လို့မရတော့ဘူး။အရင်ရက်တွေကလည်း ဒီလိုဘဲ မိနစ်ခြားတစ်ခါ နာလာတက်လို့ ထွေထွေထူးထူးဖြစ်မနေခဲ့ဘူး။မွေးခါနီးရင် ဒီလိုဘဲ နာတက်တယ်တဲ့လေ။ဒါပေမယ့် ဒီမနက်က ပိုပြီးနာလာတာ။ဘေးနားမှာ ဟောက်သံထွက်အောင် အိပ်မောကျနေတဲ့joon,ကိုနိုးဖို့ကလည်း အားနာသည်။လင်မယားဆိုပေမယ့် သူ(မ)ကိုယ်ဝန်လ နု ကတည်းက joonတစ်ယောက် အသေးစိတ်ဂရုစိုက်ပေးနေတာလေ။

ကိုယ်ဝန်ကြောင့် ချဉ်ခြင်း တက်သမျှကို မရ မက ရှာဝယ်ပေးရှာတာ။နေ့ဆိုလည်းနေ ။ညဆိုလည်း ညမို့ ကောင်းကောင်းမအိပ်ရရှာဘူး။ဒါကြောင့်လည်း တစ်ယောက်ထဲ အောင့်အီးကာ နာတာကို သည်းခံနေသည်။

ဗိုက်နာတာက ထင်ထားတာထက် ပိုလာတဲ့အခါ joonကိုမနိုးလိူ့မဖြစ်တော့ဘူး။မတရား နာလာတာ။ချွေးစေးတွေလည်း ပျံလာပြီ။

*Joon....*

*.....*

*Joon..ထအုန်း*

*ဟင် .ဘာလို့လဲ အစောကြီးရှိသေးတာ*

*ထအုန်းဆို ငါ ဗိုက်နာလာလို့*

*Toiletသွားခြင်လို့လား*

*မဟုတ်ဘူး..ထ ပါဆို!!!အ!!!joon....
ငါ့ ဗိုက်! အား!!!!နာလိုက်တာ!!!!!*

*အွန်းနီ..အရမ်းနာနေလား..ဒါဆို ‌ေမွး...မွေးတော့မယ်နဲ့တူတယ်*

*အား.!!!.....နာလိုက်တာ!!!မာမီ ..မာမီကို သွားခေါ်လေ ဘာလုပ်နေတာလဲ!!*

*အေးပါ ...ခဏလေး....ခဏလေး သည်းခံထားအုန်း*

*နာတာကို သည်းခံလို့ရမလား....အား!!!!!!!*

ကုတင်ပေါ်ကနေ ကုန်းရုန်းပြီး ဆင်းကာ အပေါ်ထပ်က မေမေ့တို့ အခန်းဆီ ပြေးလာခဲ့သည်။ရင်တွေလည်းတုန်နေပြီ။အွန်းနီရဲ့ အော်သံကြားလေ joon လက်တွေတုန်လေဘဲ။ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဗျာများနေတာ။

*မေမေ...*

*သား ...သမီးအော်သံကြားလိုက်တယ် ဘာဖြစ်တာလဲ*

"RELATIONSHIP"(Completed)Where stories live. Discover now