Part_4

127 13 0
                                    


( Zawgyi )

ဆေးရုံရောက်တော့ ကုသမှုတွေခံယူပြီး
လှဲနေစဉ် တက်တူးနှင့်သူအကြောင်းတွေးမိသည်

" အရူး လူကိုသူပြောချင်တာပြောပြီး
လုပ်ချင်တာ ဇွတ်လုပ်သွားတယ် "

ထိုအချိန် Wooseok ဝင်လာခဲ့သည်

Wooseok - Taehyung ဘာထလုပ်နေတာလဲ
လှဲနေလေ ကိုယ့်ကိုယ်ကိုယ်ကျန်းမာနေတဲ့
သူလို့ထင်နေတာလား

" မကျန်းမာရအောင် ငါကဘာရောဂါဖြစ်နေလို့လဲ "

Wooseok - ဟ အဲ့လိုပြောတာမဟုတ်ဘူးလေ
ဆရာဝန်ပြောတာမကြားဘူးလား ကံကောင်းလို့
နံရိုးအက်သလိုပဲ ဖြစ်တာလေ အခက်မသင့်ရင်
တစ်ကိုယ်လုံးကျိုးသွားနိုင်တယ်သိလား

" မင်းပြောမှပဲ ငါ့တစ်ကိုယ်လုံးရစရာမရှိတော့ဘူး "

Wooseok - ရစရာမရှိဘူးမလုပ်နဲ့ မင်းကို
အခုဆရာဝန်က ဆေးရုံမှာသုံးရက်နားရမယ်တဲ့

" ဘာ သုံးရက်တောင် ဟုတ်လား ငါ့အိမ်က
စိတ်ပူနေမှာပေါ့ မဖြစ်ဘူး ဆင်းမယ် "

Wooseok - စိတ်ပူမနေနဲ့ မင်းအိမ်ကို
ဖုန်းဆက်ထားတယ် ငါခေါ်သွားလို့
မင်းခရီးတစ်ခုရောက်နေတယ်လို့

" အဲ့တော့ဘာပြောလဲ "

Wooseok - မင်းအိမ်ကဘာပြောဖူးလဲ
ငါနဲ့အတူခရီးသွားမယ်ဆို ငယ်ငယ်တည်းက

" ဘာမှမပြောဘူးလေ "

Wooseok - အေး အခုလည်းအဲ့အတိုင်းပဲ

" ဒါဆိုသုံးရက်ပဲမလား အဲ့တာပြီး
အရင်လိုပြန်နေလို့ရပြီမလား "

Wooseok - မရပါဘူးဆရာဝန်က
မင်းကိုတော်တော်ကြာနားခိုင်းစေချင်တာ
နံရိုးအက်တာမပေါ့သင့်ဘူးတဲ့

" အင်းပါ ငါသိပါတတယ် "

Wooseok - သိတယ်သာ ပြောတာ
ပြီးရင်လုပ်လိုက်ရင်ဘာလုပ်လုပ်တလွဲ

" မင်းဘာအလုပ်မှမရှိဘူးလား "

Wooseok - ရှိတာပေါ့ Taehyung ရယ်

" အဲ့တာဆိုသွားလေ ဘာကိစ္စဒီမှာလာနေနေတာလဲ "

Wooseok - မင်းကိုငါမစောင့်လို့
ဘယ်သူကလာစောင့်မှာလဲ

PINOCCHIO  / kookv /Where stories live. Discover now