12.သခင့်ရင်ခွင်ငယ်ထဲဝယ်

993 116 8
                                    

Unicode ver....

12. သခင့်ရင်ခွင်ငယ်ထဲဝယ်

"ခဏလေး ရှောင်း"

အရာရာပြီးစီးလို့ ခရီးစတင်ထွက်ဖို့ အလို ရှောင်းက ဆေးခြင်းတောင်းကို ကိုင်ပြီး လွယ်ဖို့ လုပ်နေတာ​တုန်း ဝမ်ကလေးက ခေါ်လိုက်တာကြောင့် ရှောင်းက လုပ်လက်စကို ထားလို့ ဝမ့်ဘက် လှည့်ကြည့်လာလေသည်။

"သခင် ဘာဖြစ်~~~"

"ခြင်းတောင်းကို ထားခဲ့တော့ ဒါလေးခြုံထား။ ဒီတိုင်းပဲ ခရီးထွက်ကြမယ်။ ဒီပစ္စည်းတွေတော့ ဒီအိမ်မှာပဲ ထားခဲ့ရအောင်"

ပြောရင်းဆိုရင်း သူ့ပုခုံးပေါ် ဝတ်ရုံဖြူဖြူလေး လွှားပေးပြီး ကြိုးလေးပါ ချည်ပေးနေတဲ့ သခင်ကြောင့် ရှောင်းခင်မျာ အပေါ်စီးကနေ သူ့ရဲ့ သခင်ငယ်ကို တမေ့တမောကြီး
ငေးမောနေလေသည်။

ဆံသားအိအိလေးကစ ခြေဖဝါးနုနုလေးအဆုံး ဒီလူသားဟာ ချစ်မဝတဲ့ မြတ်နိုးရာလေးပဲဆိုတာ ငြင်းစရာစကားတောင်မရှိခဲ့ပါဘူး။ သုံးလောကမှာ ကျွန်တော့်သခင်က
ချစ်ဖို့အကောင်းဆုံးပါပဲ။

ဆင်တူ ခြုံလွှာလေး ဝတ်လို့ ကောင်လေးနှစ်ယောက်ဟာ အတူတူရှိရာ အိမ်ယာလေးကို စွန့်လို့ တန်ခိုးရှင်နယ်မြေဆီ ခရီးဆက်ကြပါတော့သည်။

ကောင်လေးနှစ်ယောက်မှာ အရင်ကထက် ထူးခြားသွားတာလေးကတော့ အရင်က ကောင်လေးတစ်ယောက်က ခြင်းတောင်းလေးကျောမှာထမ်းလို့ သခင်ဖြစ်သူနောက်လိုက်ခဲ့ဖူးပေမဲ့ ဒီနေ့မှာတော့ ထိုကောင်လေးဟာ မြတ်နိုးရသူသခင်ရဲ့ လက်နုနုလေးကို ဆုပ်ကိုင်လို့ ခရီးဆက်နေရတာခြင်းပဲ ဖြစ်သည်။

အရင်က ဆေးဝါးအကြောင်း ပြောဆိုနေကြတာမှန်ရင် ယခုချိန်မှာ ကျီစားမှု အချို့ပါနေတဲ့ ကာရံမညီတဲ့ ကဗျာသံလိုလို သီချင်းသံလိုလို စနှောက်သံလေးသာ ပျံလွှင့်လေတော့သည်။

~~~~~

"ဆရာ~~~"

နတ်မင်းဆရာချန်ရိ စာတွေ ဖတ်နေတုန်း သူ့ကိုခေါ်ရင်း လက်ဖက်ရည်ခွက် ချပေးလာတဲ့ တပည့်ဖြစ်သူကြောင့် နတ်မင်းဆရာက စာဖတ်နေရာကနေ ဖယ်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ယူရင်း~~~

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now