💛 ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် 💛

14.3K 202 4
                                    


Part - 1

ဦးနေမင်းသက္က....။

အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ထိုယောကျာ်းသည် Sea Group ၏ မြောက်များစွာသော စီးပွားရေးလုပ်ငန်းမှန်သမျှကို ဦးစီးလုပ်ကိုင်နေသည့် သက်လတ်ပိုင်းလူရွယ်မျှသာပေမယ့် ကျော်ကြားမှူအရှိန်အဝါ ၊ ငွေကြေးချမ်းသာမှုတို့ကြောင့် ဦးတပ်ခေါ်ရသည်အထိ တလေးတစားဆက်ဆံကြရသည်။

အစည်းအဝေးခန်းထဲမှ ထွက်လာသည့် သူ့နောက်မှ ပါလာသည့် ရှယ်ယာရှင်တွေနှင့် နှုတ်ဆက်ကာ ရုံးခန်းဆီပြန်လျှောက်လာရင်း ရုံးခန်းထဲဝင်လိုက်သည်နှင့် လက်မှတ်ထိုးစရာစားရင်းတွေက ပုံနေ၏။

" ဆရာ့.....ဒီနေ့ မေမေကြီး မန္တလေးကရောက်လာမယ်နော်။ "

နေမင်းသက္က စက်ရှိန်၏ စကားကြောင့် ခေါင်းညိတ်ပြလိုက်ရင်း အလုပ်တွေလက်စသတ်ရန်ပြင်၏။ မေမေက သူ့ကိုအိမ်ထောင်ပြုဖို့ပဲ ပြောဆိုနေသလို အခုလဲ ထိုကိစ္စပဲနေလိမ့်မည်။

" ကြည့်ရတာ မေမေကြီး ချွေးမဇကာတင်တွေ ရွေးထုတ်လာပြန်ပြီ ထင်တယ်။ "

စက်ရှိန်စကားကြောင့် ဦးနေမင်းသက္က ရယ်မိသွားသလို .....

" မေမေက ငါ့ကို အတင်းမိန်းမယူခိုင်းနေတော့တာပဲ ညီရေ။ "

စက်ရှိန်ဆိုတာ သူ့အတွင်းရေးမှူး ဖြစ်သလို ဆွေမျိုးရိပ်မကင်းသည့် မေမေ့တူလဲ ဖြစ်သည်။ နေမင်းသက္ကတို့၏ ဇာတိက မန္တလေးဖြစ်သလို လုပ်ငန်းအများစုက ရန်ကုန်မှာမို့ သူက ရန်ကုန် နှင့် မန္တလေးကို သွားလိုက်လာလိုက်ပင်။

သူထင်သည့်အတိုင်းပင် ထိုနေ့က အိမ်ပြန်ရောက်တော့ မေမေရောက်နေပြီဖြစ်ကာ စားပွဲပေါ်ဖြန့်ချပေးထားသည့် မိန်းကလေးဓာတ်ပုံတွေက တန်းစီနေ၏။

" ဘယ်လိုနေလဲ သား.....ဒီထဲက သားကြိုက်တဲ့တစ်ယောက်ရွေးလေ.....မေမေ ချက်ချင်းစီစဥ်ပေးမယ်။ "

နေမင်းသက္ကစိတ်ညစ်သလို ဓာတ်ပုံတွေအား တစ်ချက်ဝေ့ကြည့်ရင်းမှ ....

" မေမေရယ်.....ကျွန်တော် သဘောကျတာနဲ့သူတို့ကရော သဘောကျဦးမှကိုး။ "

ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် Where stories live. Discover now