Angel Babe

59 5 0
                                    

***Inspired by the singer Troye Sivan's "Angel Baby" song***

လေးပင်နေတဲ့မျက်ခွံတွေကို သူဖြေးဖြေးချင်းဖွင့်ဖို့ကြိုးစားနေမိသည်။စူးထွက်နေတဲ့အလင်းရောင်ကြောင့် ဖွင့်မိလျက်သားရှိနေတဲ့ သူ့မျက်လုံးတွေကိုအတင်းပြန်မှိတ်ထားလိုက်မိတယ်။သူဘယ်ရောက်နေတာလဲ ဟူသည့်အတွေးကိုခေါင်းထဲအမြန်တွေးတောနေမိသော်လည်း မှတ်ဥာဏ်တွေကဝေဝေဝါးဝါး။

"ရေ ရေပေးပါ"

ခြောက်ကပ်နေတဲ့နှုတ်ခမ်းတစ်စုံကိုအားယူပြီးအသံထွက်အောင်မနည်းထုတ်ညည်းမိလိုက်တော့

"Hunnie Sehunnie"

ရင်းနှီးနေတဲ့အသံကိုသူချက်ချင်းပဲမှတ်မိသွားတယ်

"Omma"

"သားရယ် " ဟုသာပြောနိုင်ပြီး Omma ကသူ့ကိုယ်ပေါ်မျက်နှာမှောက်ကာရှိုက်ကြီးတငင်ငိုတော့ သူပါအလိုလိုမျက်ရည်ကျလာမိတယ်။

"Omma"

မကြာခင်မှာပဲဆရာဝန်ရောက်လာပြီးသူ့ကိုလိုအပ်တာတွေလာစစ်ဆေးသည်။သူလဲလျောင်းနေချိန်တစ်လျောက်တော့အရာအားလုံးက အကောင်းပတိလိုပင်။ကုတင်ကိုမတ်ပြီးထထိုင်လိုက်ချိန်မှာမြင်လိုက်ရတဲ့ သူ့ခြေထောက်ပေါ်ကဖြူဖွေးဖွေးကျောက်ပတ်တီးတွေရယ် စကားများများပြောလိုက်ရင်မောဟိုက်လာတတ်တဲ့အကျင့်တစ်ခုရယ် သူဘာတေဖြစ်သွားတာလဲ။အရင်ကဒေါင်ဒေါင်မြည်ကျန်းမာနေခဲ့တဲ့ အဖွဲ့လိုက် B Boy group dance တွေကနေခဲ့တဲ့သူက အခုတော့ အခုတော့~~

ဆိုင်ကယ်ပြိုင်မောင်းရင်း accident ဖြစ်သွားတဲ့သူ့ကို စိတ်မကောင်းစွာလာသတင်းမေးကြတဲ့ သူငယ်ချင်းတွေ အပေါင်းအသင်းတွေကိုလဲသူမတွေ့ချင်တော့၊ လူနာလိုအမြဲဆက်ဆံနေတဲ့ အမေ့ကိုလဲ အမြင်မကြည် ဒါပေမယ့်ကိုယ်တိုင်က ရန်ပြန်ဖြစ်ဖို့တောင်အားမရှိသည်မို့ အခန်းတံခါးကိုပိတ်ကာ သူ့ကိုယ်သူလှောင်ပိတ်ပြီးနေတော့သည်။သူ့ကိုကြည့်ရင်းဘေးနားမှာထိုင်ကာ မျက်ရည်ကျနေတတ်သည့်အမေ့ကိုလဲမမြင်ချင်သည်မို့ အော်အော်ထုတ်ရင်း သူ့စိတ်တွေပိုပင်ပန်းလာရသည်။

"ငါသာဒုက္ခိတအနေနဲ့အသက်ရှင်မနေရင် Omma လဲစိတ်မဆင်းရဲရတော့ဘူး ပြီးတော့ ငါလဲ လွတ်မြောက်သွားမှာ"

One Shot Collection By MEWhere stories live. Discover now