နောက်လ ငါးရက်နေ့ ကျတော်နဲ့ယိုရှီရဲ့ငါးနှစ်ပြည့်နှစ်ပတ်လည်ပဲ လက်ရှိကျတော်တို့နေနေတဲ့တိုက်ခန်းကငှားထားဆိုပေမယ့် ငါးနှစ်ပြည့် စပရိုက်တိုက်ဖို့ကျတော် အဲ့တိုက်ကိုဝယ်ထားလိုက်ပြီ ယိုရှီကတော့မသိသေးဘူး ယိုရှီကမကြာခင်ဘွဲ့ရတော့မှာ ယိုရှီသာပညာသင်ဆုရရင် ကိုရီးယားကိုသွားရမှာ ကျတော်ကတော့ လွမ်းနေရမှာပေါ့ မသွားပါနဲ့လို့တားချင်ပေမယ့် ဒါဟာ ယိုရှီရဲ့အိမ်မက်တစ်ခုပဲလေ ကျတော်မတားရက်ပါဘူး
မာရှီစာရေးနေစဉ် စာရွက်ပေါ်သို့ တစ်စက် စက်ဖြင့်ကျလာတဲ့သွေးစက်တွေ
"ရား ရှီဟို နှာခေါင်းသွေးထွက်နေပြန်ပြီ"
ထွက်လာပြန်ပြီ ဒီတစ်လော နှာခေါင်းသွေးခနခနထွက်နေတာ သန့်စင်ခန်းဖက်သွားပြီး သွေးတွေကိုသန့်ရှင်းပေမယ့်လည်း သွေးကမတိတ် ဆက်တိုက်သာကျလာနေတာ ကြိုးစားပြီးသန့်ရှင်းရင်း ကျတော့်ကမ္ဘာအမှောင်ကျသွားတယ်
မျက်လုံးပွင့်လို့ ပထမဆုံးမြင်တွေ့ရတာကတော့ အဖြူရောင်မျက်နှာကျက်ပါပဲ
"သတိရလာပြီပဲ"
"ယောလ်နူးနာ"
ယောလ်နူးနာ တစ်နည်းအားဖြင့်ခီထရဲ့ကောင်မလေး ကျတော့်ရဲ့အမတစ်ဝမ်းကွဲပေါ့ သူမကဒေါက်တာတစ်ယောက်
"ကျတော်ဘာဖြစ်သွားတာလဲ?"
"မင်းသန့်စင်ခန်းမှာမူးလဲသွားလို့ ငါဆေးရုံခေါ်လာတာ"
"ရှီဟို မှာရောဂါဖြစ်နေတာမင်းသိလား?"
"ဗျာ ရောဂါ?"
"ကျတော့်မှာဘာရောဂါရှိတာလဲ နူးနာ"
"ရှီဟိုအခုတလော နှာခေါင်းသွေးခနခနမလျှံဘူးလား?"
"လျှံတယ် နူးနာ ကျတော်မဟုတ်မှ"
"ဟုတ်တယ် ရှီဟိုထင်နေသလိုပဲ သွေးကင်ဆာ နောက်ဆုံးအဆင့်ရဲ့အစရောက်နေပြီ"
ဟား ဟား သွေးကင်ဆာ? ဘာလို့လဲ? ဘာလို့လဲ?
"နူးနာမင်းကိုဆေးကုသမှုခံယူစေချင်တယ်"
YOU ARE READING
မောင်
Fanfictionမောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)