Chapter 1 : And so it begins...

162 19 0
                                    

(Unicode)

Julia Ellison's POV :

မီးရထား၏ သံလမ်းတစ်လျှောက် ညက်ညောင်းစွာခုတ်မောင်းသံသည် ကျွန်မအတွက် ကလေးချော့တေးလိုဖြစ်နေသည်မှာ နာရီအနည်းငယ်လောက်ရှိပြီဖြစ်သည် ။ ကျွန်မ၏ဇာတိမြို့မှ ယခုလူစီယာအထိသည် အတော်ရှည်ကြာသော ခရီးတစ်ခုဖြစ်သည် ။ စာဖတ်ရင်း ၊ ကျွန်မ၏လာမည့် သုတေသနအတွက် အချက်အလက်များပြင်ဆင်ရင်း အချိန်ကုန်ချင်သော်လည်း ခရီးလမ်းတစ်လျှောက်လုံး အတွေးထဲနစ်မြောရင်း ၊ ပြတင်းပေါက်အပြင်ကိုငေးရင်းဖြင့်သာ အချိန်ကုန်လာခဲ့လေသည် ။

အပြင်ဘက်သို့ကြည့်လိုက်သည့်အခါ အလွန်လှပသော တောတောင်ရေမြေရှုခင်းတို့ကို ဖြတ်လာရင်း မြင်လိုက်ရသည် ။ နေရောင်ခြည်က မြက်ခင်းပြင်ပေါ်သို့ ဖြာကျနေ‌ပြီး ဘေးတွင် အစိမ်းရောင်နှင့်အပြာရောင် မြစ်တို့ရှိနေသည် ။ ရထားစီးနေရင်းပင် ရှုခင်းကပြောင်းလဲသွားပြန်သည် ။ မြင်ခင်းပြင်သည် သဲသောင်ပြင်များဖြစ်သွားပြီး မြစ်များပျောက်ကွယ်သွားကာ သမုဒ္ဒရာတစ်ခုကိုအစားထိုးတွေ့လိုက်ရလေသည် ။

ရထားက လိုဏ်ခေါင်းထဲသို့ဝင်သွားပြီး ကျွန်မ မြင်ကွင်းများကို မှောင်မည်းနေသော အေးစက်စက်လိုဏ်ခေါင်းနံရံများက ဖုံးကွယ်ပစ်လိုက်သည် ။ ထိုအခါမှ ကျွန်မ၏ပုံရိပ်ကို ပြတင်းပေါက်မှန်တွင်ပြန်မြင်လိုက်ရသည် ၊ ပင်ပန်းနေပုံရပေမယ့် အာရုံစူးစိုက်နေသည် ။ ကျွန်မ သိပ်ကိုအတွေးများနေတာပဲ ...

ကျွန်မအကြည့်တွေက ရှေ့ကသတင်းစာပေါ်က ရက်စွဲဆီသို့ရောက်သွားသည် ။ ၂၃ ရက် ဇွန်လ ၁၉၄၇ ခုနှစ် ... သဘာဝကျကျစာအုပ်တစ်အုပ်ကိုရေးပြီး တကယ့်စာရေးဆရာမအနေဖြင့် ကျွန်မ ဘဝအသစ်ကိုစတင်သောနေ့ ...

ခဏကြာတော့ ရထားရပ်သွားသည် ။ ကျွန်မ မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကိုပြန့်အောင်စန့်လိုက်ကာ ခေါင်းပေါ်မှာတင်ထားသည့် ခရီးဆောင်အိတ်ကိုလှမ်းယူလိုက်သည် ။ မီးရထား၏တံခါးပေါက်များပွင့်သွားပြီး ကျွန်မလည်း နယ်မြေအသစ်တစ်ခုသို့ ခြေချမိတော့သည် ။ လူစီယာ ပင်မ ဘူတာရုံ ။ ကျွန်မ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီး နေရာအသစ်ကို လေ့လာလိုက်သည် ။ ဤနေရာတွင် လူများများစားစားမရှိချေ ။ ဒီနေရာသည် ကျွန်မ ရှိနေရမည့်နေရာမဟုတ်ဟု ထင်မိသည် ။

Never Judge A Book By Its Cover (Translation)Donde viven las historias. Descúbrelo ahora