အပိုင်း ၂၄၄ (စာစဉ် ၁၇ အပိုင်း ၄)

429 59 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၄ (စာစဉ် ၁၇ အပိုင်း ၄)
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

ကျင့်ကြံသူတစ်စုသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ခြင်္သေ့အသားကို ကင်ပြီး စားလိုက်ကြသည်မှာ အရိုးသာ ကျန်တော့သည်။ နတ်ဆိုးအင်ပါယာများ၏ ခန္ဓာကိုယ်သည် သာမန်မဟုတ်ကြောင်း ဝန်ခံရပေမည်။ ထို့ကြောင့် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးအင်ပါယာတစ်ယောက်၏ အသားသည် အလွန်အမင်း မွှေးကြိုင်နေသည်။
ဟောင်ရန်ဓားကလန်၏ အမျိုးသမီးတပည့်များသည် ပေကျံနေသာ သူတို့နှုတ်ခမ်းများကို သုတ်ရင်း ချန်ချန့်ကို ကြည့်လိုက်သည်။

"စီနီယာအကိုချန် ကျွန်မတို့ ဘာဆက်လုပ်ရမှာလဲ?"

ကျင့်ကြံသူများက ထိုမေးခွန်းကို ကြားသောအခါ ချန်ချန့်ကို ကြည့်လိုက်ကြသည်။
ထူးချွန်သူများသည် ဘယ်နေရာသွားသွား အချိန်တိုအတွင်း အာရုံစိုက်ရာ ဖြစ်လာကြ၏။
ချန်ချန်သည် ကိုယ်ကျင့်စရိုက်ကောင်းမွန်သည့် ထူးချွန်သူတစ်ယောက်ပင်။
ချန်ချန်က ၎င်းကို ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါဟု သူ့ဘာသာသူ သတ်မှတ်ထားသည်။

"စနစ် မီတာတစ်ရာပတ်လည်မှာ နတ်တိုးတစ်ပိုင်းတွေ၊ လူသားတွေကို မုန်းတီးတဲ့သူတွေ ရှိလား?"

"မရှိပါဘူး"

စနစ်၏ အဖြေကို ကြားပြီး ချန်ချန် အနည်းငယ် စိတ်သက်သာရာရသွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်က အချိန်မရွေး ပြန်ရောက်လာနိုင်တယ် ကျုပ်တို့ သူ့အတွက် အချိန်ဆွဲပေးရအောင် ကျုပ်တို့ အချိန်ဆက်မဆွဲပေးနိုင်တော့ရင် ပျောက်ကြားနည်းစနစ်နဲ့ နတ်ဆိုးတွေကို သွားတိုက်ကြတာပေါ့"

"ဒါပေမယ့်.....မျိုးနွယ်နှစ်ခုရဲ့ အထက်ပိုင်းအကြီးအကဲတွေက အာရုံစုက်နေကြတာ ကျုပ်တို့ နောက်ဆုတ်ရင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ စိတ်ခွန်အားကို အကျိုးသက်ရောက်သွားမယ်မဟုတ်လား?"
တော်ဝင်စစ်တပ်မှ ကျင့်ကြံသူတစ်ချို့က တုံ့ဆိုင်းနေကြသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now