part-15

2.8K 72 0
                                    

👑မောင့်အရှင်
#အပိုင်း(၁၅)

“ ဟိုတစ်ယောက် နေဖင်ထိုးနေပြီသိလား..အခုချက်ချင်း ထမလား မထဘူးလား..ငါဝင်လာရင် နင် မလွယ်ဘူးနော် စစ်လွန်း.

.ဒါလား မိန်းကလေးတဲ့ ညလုံးပေါက် ဂိမ်းကြီးထိုင်ဆော့နေပြီး မနက်ကျတော့ လူသေလိုအိပ် နင့်ကို ရွာကို ပြန်ခေါ်သွားမှ ဖြစ်မယ်..မြန်မြန်ထတော့..ဒီနေ့ နင့်ကြီးတော်အိမ် သွားမယ်ဆိုတာ သိတယ်နော် ”

မယ့် အသံက စူးရှပြီး အတော်လေးကျယ်တာမို့ မောင်မောင်ထပ်ပြီးလည်း မအိပ်နိုင်တော့ပေ။  ခေါင်းကုတ် မထချင် ထချင်နဲ့ လူးလိမ့်ထရပြန်သည်။

#ဘယ်က ကြီးတော်လဲ ကျစ် မနက်စောစောစီးစီး ဆူညံနေတာဘဲ..ရွာမှာ အေးဆေးနေတာမဟုတ်ဘူး ရန်ကုန်ထိ လိုက်ပြီး ဒုက္ခပေးနေတာ ။
“……..”

အသံထွက်ပြီးလည်း မပြောရဲ..ဒီလိုမျိူးသာ ပြောမိလို့ကတော့ ခေါင်းပေါ်မှာ လက်သီးဆုတ်က ရောက်နေပြီးသားဘဲ။

မနေ့ည သုံးချက်တီးအချိန်မှ အိပ်တာမို့ ခေါင်းက မူးနောက်နောက်..အိပ်ရေးပျက်ခံပြီး ဂိမ်းထိုင်ဆော့ပေမဲ့ ရှုံးသွားတာမို့ စိတ်ကလည်း တိုလိုက်ရသေးသည်။

အိပ်ယာမသိမ်းရင်လည်း ပြန်ပြီး ဝင်ကောမှာ သေချာတာမို့ မြန်မြန်ဆန်ဆန် လုံးထွေးပြီး သွတ်ထားပစ် လိုက်သည်။

“ ခုထိ ထွက်မလာသေးဘူးလား စစ်လွန်း အဲမှာ ကြာမနေနဲ့..ခုတောင် ကိုးနာရီထိုးနေပြီကို မြန်မြန် ရေမိုးချိူး ပြီး ထွက်လာ..ဒီကမအေက မနက်စာ စားဖို့ စောင့်နေတာကို..”

“ ဟုတ်!!..”

ဒီနေ့မှ စိတ်မရှည်ဖြစ်နေသည့် မယ့်ကို သူလည်း စိတ်မရှည်သည့် လေသံဖြင့် ဖြေပစ်ပြီး ရေချိူးခန်းထဲ ဝင်ကာ တစ်ကိုယ်လုံးကို ရေချိူးပစ်လိုက်တော့မှ အတေ်ာလေး လန်းဆန်းသွားသည်။

ရောက်လာတုန်းက ဝယ်လာပေးတဲ့ ခဲ‌ရောင်တီရှပ်ကို ဘောင်းဘီတိုပွပွဖြင့် အမြန်အဆန်စွပ်ပြီးတာနဲ့ မှန်ထဲမှာ ကေကိုလည်း သရသေးသည်။

“ စစ်လွန်းဦး..”

“ လာပြီ မယ်ရာ..ခဏ်လေး..”

မယ့်ရဲ့ စိတ်မရှည်သံကြောင့် မျက်နှာခရင်တောင် မလိမ်းနိုင်တော့ဘဲ ဆံပင်ကို ဂျယ်တစ်ခုဘဲလိမ်းကာ ထွက်လာမယ် ရှိသေး နံရံပေါ်က ပြက္ခဒိန်ကြောင့် မျက်ခုံးနှစ်ဖက်က ဂျူံဝင်သွားသည်။

👑မောင့် အရှင် Where stories live. Discover now