Parasol ( Unicode)

479 38 11
                                    

အဝါရောင်လေးလား..... Pineapple  ရောလိုက်တော့ သူ့အရောင်က အဝါရောင်လေး။ ဟော Orange   ရောလိုက်တော့ လိမ္မော်ရောင် ရင့်နေတဲ့ ဆည်းဆာရောင်လေးပါလား....

'' ညီမ အကို့ကို စပျစ်လေးနဲ့ တစ်ခွက်ပေးပါဦး ''

လက်လေးထောင်ပြီး လှမ်းပြောတော့ စားပွဲထိုးကလေးမလေးက ခေါင်းငြိမ့်ပြပြီး အနောက်ထဲဝင်သွားတယ်။ သိပ်မကြာလိုက်ပါဘူး ခရမ်းရောင် အရည်တွေ အပြည့်နဲ့ ခွက်လေးတစ်ခွက် ကျွန်တော့်ရှေ့ရောက်လာတယ်။

ချချချင်းမို့တူပါရဲ့....ခွက်ထဲက ရွယ်တူ ရေခဲလေးတွေက လှုပ်လှုပ်ရှားရှား စုန်ဆန်ပြေးနေကြရော။

မတူညီတဲ့အရောင်တွေနဲ့ ခွက်လေးတွေထဲမှာ Alcohol 40 % ပါတဲ့ Gin ဆိုတဲ့ မူးရစ်ရည်လေးတွေ ပါနေမှန်း ကျွန်တော်သိတယ်။ ဒီတိုင်းသောက်ရင် အဝင်ဆိုးလို့ ကျွန်တော် သစ်သီးဖျော်ရည်လေးတွေနဲ့ ရောသောက်တယ်။

မဆိုးဘူးဗျ သစ်သီး အရသာလေးတွေကြားမှာ ရှတတ ခံစားမှုလေး။

ကမ္ဘာဟာ စက်ဝိုင်းခြမ်းဆိုရင် နေမင်းကြီးက 165 ° လောက် ရောက်ပြီဆို  ကျွန်တော့် ကို ဒီ လူရှင်းတဲ့ ဘား အသေးလေးစားလေးမှာ ရှာတွေ့နိုင်တယ်။

အဲ့ဆိုင်လေးကလေ ညနေစောင်းဆို နေထိုးတယ်။ ကျွန်တော်ကလည်း အဲ့ နေထိုးတဲ့ နေရာတည့်တည့်မှာပဲ အမြဲထိုင်လေ့ရှိတယ်။

မျက်စိရှေ့က အဝါရောင် ခွက်လေးကို အရင်ကုန်အောင်သောက်လိုက်တယ်။ အင်း မဆိုးပါဘူး.....။

'' ညီမရေ အကို့ကို အာလူးချောင်းကြော်လေး ချပေးပါဦး ''

တစ်ခွက်သောက်ပြီးတိုင်း ကျွန်တော်မှာနေကြဆိုတာ သိတဲ့ ကလေးမလေးက အသင့်ပြင်ထားတဲ့ အာလူးချောင်းကြော်ပန်းကန်လေးကိုင်ပြီး ကျွန်တော့်ဆီ ရောက်လာတယ် ။

'' သံပရာသီး ယူတော့မလား ကိုကြီး ''

'' အင်း....နောက်တစ်ခွက်သောက်လိုက်ဦးမယ် ပြီးမှ ''

ကလေးမလေး ပြန်ထွက်သွားတယ်။ တစ်ခွက်ပဲရှိသေးတာဆိုတော့လည်း....အေးဆေးပေါ့။ အာလူးချောင်း ၂ ချောင်းကို ပါးစပ်ထဲ တစ်ခါတည်းထည့်လိုက်တယ်။

Parasol ( ထီး)  Where stories live. Discover now