Chapter 9

840 129 79
                                    

Unicode

Buiသူ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားတာကိုရုတ်တရက်ခံစားလိုက်ရသည်။ သူတို့ ၇ယောက်လုံး တစ်စုံတစ်ခုရဲ့အောက်သို့ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။သူအောက်သို့ရောက်သွားပြီဟု အသေအချာခံစားမိမှမျက်လုံဖွင့်ကြည့်လိုက်တော့ သူတို့လှိုင်းခေါင်းတစ်ခုထဲ ပြုတ်ကျလာခြင်းသာ။သူထိုင်နေတဲ့ မြေကြီးဟာ သဲတွေမဟုတ်ဘဲ သာမာန် မြေကြီးတစ်ခုပင်။

Bui-"အိုက် Khun Nodt.....ငါတို့အခုဘယ်အောက်ကို ရောက်လာတာလဲ..."

"မင်းတို့ရောက်လာကြပြီလား...."

အမျိုးသားတစ်ဦးရဲ့ အသံကိုကြားတော့ Buiလှည့်ကြည့်မိသည်။

ထိုလူက ခရမ်းရောင် ဆံပင်တွေရှိနေပြီး သက်လက်ပိုင်းအရွယ်ရှိတဲ့ အမျိုးသားတစ်ဦး။သူဘေးမှာ လူငယ်၄ယောက်လောက်ပါလာပြီး rifle ကိုယ်စီကိုင်ထားတာကိုလည်း တွေ့ရသည်။

ထိုအမျိုးသားကိုမြင်တော့ သူတို့အုပ်စုထဲက Pongဆိုတဲ့ ကောင်လေးက

"P'Tong...."

Pongက P'Tong ဆိုတဲ့အမျိုးသားကို ပြေးဖက်လိုက်သည်။

Tong-"မင်းကော ပါလာတာလား..."

Pong-"အင်း ကျွန်တော်Pကို လွမ်းနေတာ..."

Nodt-"ဘာလို့မြေပုံကို သေချာမပေးလိုက်တာလဲ...အပေါ်မှ အသေလိုက်ရှာနေတာ စခန်းကို အောက်မှာချဖို့ Pအကြံပေးတာမလား..."

"Oww...ဒီထက်ကောင်းတဲ့နေရာမရှိတော့ဘူးလေ..."

Buiက Bibleနားကပ်သွားပြီး

"အိုက်Bib...မင်းဟာက သေ‌ချာလို့လား...သူတို့တွေက ဘယ်သူတွေလဲ..."

"မသိဘူး...."

Nodtက သဲတောထဲက မြေပုံကိုကောက်ယူလိုက်ပြီး Tongဆီကိုပစ်ပေးလိုက်သည်။

"P'Mileကော..."

Tongက မျက်နှာစိမ်းတွေကိုမြင်တော့

"လူစိမ်းတွေပါလာတယ်..."

"P'Mileနဲ့အရေးတကြီး ပြောစရာရှိတယ် ရှေ့ကနေလမ်းပြ..."

"Oii...စိတ်ကြီးပဲ...လိုက်ခဲ့...."

*_____*_____*_____*

မြေအောက်လှိုင်ခေါင်းဟာအလွန်ကျယ်ပြန့်ပြီး လူအများအပြားရှိနေသည်။၁၀၀နီးပါးပင်...ဒီတိုင်းဆိုရွာတစ်ရွာတောင်တည်လို့ရသည်။လူတွေဟာ လှိုင်ခေါင်ထဲမှာရွက်ဖျင်တဲတွေထိုးပြီး နေနေကြသည်။ကမ္ဘာပျက်ပြီးတဲ့နောက်မှာ Buiအနေနဲ့ ပထမဆုံး လူဦးရေ အမြောက်အများကို တွေ့ရခြင်းဖြစ်သည်။ဒီထဲမှာ ယောကျာ်းတွေကောမိန်းမတွေကော ဆော့ကစားနေတဲ့ကလေးတွေကောရှိနေတဲ့အပြင် ဖဲရိုက်နေတဲ့သက်ကြီးရွယ်အိုအချို့ကိုပါတွေ့လိုက်ရသည်။အထူးဆန်းဆုံးက ကြက်တွေ...ပထမဆုံး သားရဲ အသွင်မပြောင်းသေးတဲ့ တိရစ္ဆာန်တွေ...လှိုင်ခေါင်းထဲက လူတွေက ကြက်တွေမွေးမြူထားတာကို သူတွေ့ရသည်။

BEASTS  ( complete)Where stories live. Discover now