Part-20

1.3K 60 0
                                    

                
Song recommend -Past lives(အဟဲ လိုက်မယ်ထင်လို့ပါ)

                  သတိလစ်နေတာကြာပြီဖြစ်သော ကောင်လေး၏ လက်တို့လှုပ်ရှားစပြုလာသည်။မျက်လုံးတို့ကို ခပ်ဖွဖွဖွင့်ကြည့်သည့်အခါ ပထမဆုံးမြင်ရသည်က ဖြူလွလွ မျက်နှာကျက်တစ်ခု။လက်တို့ကိုလှုပ်ရှားသည့်အခါ တင်းကျပ်သလိုခံစားရသောကြောင့် ကြည့်လိုက်သည့်အခါ သူ့လက်ကိုဆုပ်ကိုင်ကာ ‌အဖြူရောင်အိပ်ယာခင်းပေါ်ခေါင်း‌မှောက်နေသောလူ။ဆိုဖာခုံပေါ်တွင်ထိုင်နေကြသော လူများရှိသည်။သူ လက်ကို ထိုလူမနိုးစေရန်အသာဆွဲထုတ်လိုက်သည်။အအိပ်ဆတ်ပုံပေါ်သော ထိုလူက ခေါင်းထောင်လာသည်။

"လွန်း လွန်းသတိရလာပြီပဲ"

အဂ္ဂအသံကြောင့် ကျန်လူများမှာရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ထိုလူများသည်ဘယ်သူ‌ေတွလဲ အမောင်မသိပါ။လွန်းဆိုတာကရော ဘယ်သူလဲ။သူ့လက်ကိုကိုင်ထားတာကရော ဘယ်သူလဲ။

"သားလေး ဘယ်လိုနေသေးလဲ။သက်သာရဲ့လား"

နွေးထွေးမှုအပြည့်ဖြင့်မေးလာသော ကြီးကြီးတစ်ယောက်။သူ ဘာမှမသိတော့ပါ။

"ဟိုလေ...ဒီကကြီးကြီးကဘယ်သူလဲဟင်။ပြီးတော့ ဒီကအစ်ကိုကရော...ကျွန်တော့်ကိုသိလို့လား"

အမောင့်စကားကြောင့် အဂ္ဂရော ကျန်လူများပါ ကြောင်အလျက်။လွန်းက သူ့ကိုမသိတော့တာလား။သူ့ကို လွန်းမေ့ပစ်လိုက်တာလား။လားပေါင်းများစွာသော မေးခွန်းတို့က အဂ္ဂခေါင်းထဲတွင်နေရာအပြည့်။ဘယ်ဘက်ရင်အုံဆီမှ ဆစ်ခနဲ။

"လွန်း ကိုယ်လေ အဂ္ဂခွန်းပိုင်လေ။ကိုယ်က လွန်းရဲ့ဒုဓလီပန်းလေးဖြစ်ပေးမယ့်လူလေ"

"ဟင့်အင်း ကျွန်တော် ခင်ဗျားကိုမသိဘူး"

            ဖြေလိုက်သည့်လူက ခပ်လွယ်လွယ်ပေမယ့် ခံရတဲ့သူမှာတော့ လုံး၀မသက်သာပါ။ရင်ထဲမှာ မီးတောက်နေသည်။နာကျင်နေရသည့်အထဲတွင် သူ့ကြောင့်ဆိုသောခံစားမှုများရောက်လာသည်။သူသာမအော်မိရင် လွန်းဒီလိုဖြစ်မှာမဟုတ်။မသိဘူးဟု တတွတ်တွတ်ပြောနေသော ကောင်လေးကိုကြည့်ကာ မျက်ရည်များကျလာသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now