အပိုင်း ၁၄

20.7K 1.9K 65
                                    

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"အဝိဇ္ဇာ တဏှာအမှောင်ဖုံးတယ်ဆိုဆို....
တပ်မက်ခြင်းတဏှာမှာငြိတွယ်တယ်ဆိုဆို...
မောင်မင်းကိုတစ်စက္ကန့်လေးမှ
ကိုယ့်အနားကနေခွဲမသွားစေချင်တာ
ကိုယ့်ဆန္ဒရယ်ပါ...."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရစ် ပတ် နှောင် တွယ်...မောင့် ထံ ဝယ် အပိုင်း (၁၄)
..............................................................

ပြာလွင်လွင်မိုးသားထက်၌ တိမ်ဖြူဖြူကလေးများက အရိပ်ထင်နေသည်။ တစ်ချက်တစ်ချက် ခပ်မြင့်မြင့်ပျံသန်းသွားသော ငှက်ကလေးများအားကြည့်ခြင်းအားဖြင့် ဒီနေ့ရာသီတုသာယာသည်ကိုသိနိုင်သည်။

မြူဟန်မောင်ရယ်၊တိမ်ညိုနှောင်းရယ် ယနေ့တွင်တော့ ရွာဦးဘုန်းကြီးကျောင်းသို့ရောက်နေခြင်းဖြစ်သည်။

တစ်ဖက်က ဖိုးစည်ကပဝါစလေးကိုကိုင်ထားသည်။ တစ်ဖက်က မြူဟန်မောင်က ကျန်ပဝါစလေးကိုကိုင်၍ အလယ်တွင် တိမ်ညိုနှောင်းက ထိုင်နေသည်။

ပြီးခဲ့သောရက်ကတည်းက တိမ်ညိုနှောင်းက မြူဟန်မောင့်ကို ပူဆာတာတစ်ခုရှိသည်။

"မောင်ရေ ငါ ရဟန်းဝတ်ချင်တယ်" တဲ့လေ။

မြူဟန်မောင့်အနေဖြင့် သူယခုလို ဘာသာရေးကိုသိတတ်တာ သူနားလည်ပါသည်။ သို့သော်...
ယခုလို သူနှင့်ခွဲနေရမည်ဆိုတာကြီးက မြူဟန်မောင့်အတွက်အဆင်မပြေလှပေ။ ဘာလို့ဆို သူနှောင်းနှင့်ခွဲမနေနိုင်ဘူးမဟုတ်လား။

ထိုအခါ နှောင်းက သေချာရှင်းပြလေသည်။

"မောင်... ငါငယ်ငယ်ကတည်းက မိဘလည်းမရှိဘူး။ ငါဇာတ်ထဲမှာပဲ သူများအရိပ်အခြေကြည့်ပြီးငါနေခဲ့ရတာမောင်။
မိန်းမတစ်ယောက်လို ဝတ်စားကပြခဲ့ရတဲ့ငါက စင်စစ်ယောကျ်ားတစ်ယောက်ပါမောင်။"

"ငါတို့မြန်မာအမျိုးသားယောကျ်ားတစ်ယောက်ဟာ ငယ်ရွယ်စဥ်အခါမှာ ရှင်ပြုချင်ကြတယ်။
အသက်နှစ်ဆယ်ပြည့်တဲ့ယောကျ်ားတစ်ယောက်ဟာ ရဟန်းခံ၊ပဥ္ဇင်းတက်မှ လူဖြစ်ရကျိုးနပ်တယ်မောင်"

ရစ် ပတ် နှောင် တွယ်....မောင့် ထံ ဝယ် [Complete]Where stories live. Discover now