မတင်မကျအခြေအနေတစ်ခု

1.9K 13 0
                                    

ဒုတိယအကြိမ်မြောက်ပြန်လည်ဆုံတွေ့ခြင်းကကျွန်မတို့နှစ်ယောက်အတွက်ပိုဆိုးသွားတာလား ပိုကောင်းသွားတာလားတော့ကျွန်မလည်းမသိတော့ပါဘူး

သူနဲ့ကျွန်မအပြင်မှာခဏတိုင်းတွေ့ဖြစ်ကြတယ်
ညတွေနက်တဲ့အထိလည်းစကားတွေပြောခဲ့ကြတယ်  အင်း သူကကျွန်မကိုရည်းစားရှာခိုင်းပြန်တယ် သူဘာဖြစ်ချင်နေတာလဲ ကျွန်မတကယ်နားမလည်နိုင်တော့ဘူး

တစ်ညတော့ ကျွန်မနဲ့သူနဲ့ရည်းစားသနာကိစ္စနဲ့ပတ်သတ်တာတွေပြောဖြစ်ခဲ့ကြတယ်

"ဟဲ့ငါနင့်ကိုမေးစရာရှိတယ်"

"ပြောလေ"

"နင်ငါတို့အုပ်စုနဲ့စတွေ့တုန်းက အဖွဲ့ထဲကတစ်ယောက်ယောက်ကိုသဘောကျခဲ့ဖူးလား"

ဒါသိသိရက်နဲ့ကျွန်မသူ့ကိုမေးလိုက်တဲ့မေးခွန်းလေးပါ

"အေး ရှိတယ် "

"ဘယ်သူလဲ ငါ့ကိုပြောပြ"

"ဒီတိုင်းတော့ဘယ်ရမလဲ မူးအောင်တိုက်ရင်ပြောပြမယ်"

"နင်ကလည်း ပြောပြပါ"

"မပြောဘူးဟာ ဒါပေမဲ့ ငါခုထိလည်းသဘောကျနေတုန်းပဲ"

သူ့ဆီကအဲ့စာလေးမြင်လိုက်တဲ့တစ်ခဏကျွန်မရင်ထဲနွေးခနဲဖြစ်သွားသေးတယ်

"ပြောမယ့်သာပြောတာပါဟာ ငါကသူငယ်ချင်းကိုဒုက္ခမပေးချင်ဘူး"

အော် အဲ့စကားလုံးလေးကတော့ကျွန်မစိတ်ထဲကနေတိုးတိုးတိတ်တိတ်ရေရွတ်မိလိုက်တဲ့စကားလုံးလေးပါ

ဒီလိုနဲ့ပဲသူနဲ့ကျွန်မရဲ့အခြေနေကသူငယ်ချင်းလိုပဲဆက်ဖြစ်သွားတယ်


ပိုဆိုးသွားတာလား ပိုကောင်းသွားတာလား ဆိုတဲ့အဖြေကိုစာဖတ်သူလေးတွေဖြေပေးရင်ကျေးဇူးတင်မိမှာပါ

ဇာတ်လမ်းလေးတစ်ပုဒ် (Completed)Where stories live. Discover now