2010 ရဲ့ နွေဦးကာလတစ်ခု။
နွေရာသီတွေဟာ သိပ်ပျင်းဖို့ကောင်းတယ်။ အဖော်မရှိတဲ့ ဂျယ်ယွန်းအတွက်တော့ ကျောင်းပိတ်ရက်တွေဆို မြန်မြန်ကုန်ဆုံးသွားချင်တော့တာပဲ။ နွေရာသီမှာ တိုက်တဲ့ လေပူတွေကိုလည်း ဂျယ်ယွန်း မကြိုက်ဘူး။ သစ်ရွက်ကြွေတွေ လှဲရတာကိုလည်း မုန်းတယ်။ ပြီးတော့ နွေရာသီမှာပဲ မေမေ သူ့ဆီကနေ အပြီးထွက်သွားခဲ့တာ။ လူကြီးတွေကတော့ သူ့ကိုမြင်ရင် သနားစိတ်နဲ့ တီးတိုးစကားတွေအမြဲပြောကြတယ်။
"ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ ကလေးလေးက သိပ်သနားဖို့ကောင်းတာပဲ"
"သူ့အမေက ဆုံးသွားတာလေ အဖေကလည်း စီးပွားရှာနေရတော့ ကလေးကို ကောင်းကောင်းဂရုမစိုက်နိုင်ဘူး"
"ကလေးကတစ်ယောက်တည်းဖြစ်ဖြစ်နေတာ သနားပါတယ်"
၇နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ အဲ့စကားတွေကို အပြည့်အဝနားမလည်နိုင်ခဲ့ဘူး။ မေမေက ခရီးအရှည်ကြီးထွက်သွားတာလို့ ဖေဖေက ပြောတယ်။ ဂျယ်ယွန်းကတော့ ဖေဖေ့စကားကိုယုံပါတယ်။ နွေရာသီရောက်တိုင်း မေမေ့ကို စောင့်နေတုန်းပဲ။ မေမေ ပြန်လာရင် ဂျယ်ယွန်းကိုမတွေ့မှာစိုးလို့ သူငယ်ချင်းတွေနဲ့တောင်မဆော့ဘူး။ အိမ်ရှေ့က ချယ်ရီတန်းလေးမှာပဲ ဂျယ်ယွန်းစောင့်နေခဲ့တာ။ ချယ်ရီပန်းတွေ ၃ခါပွင့်အပြီးမှာတော့ မေမေမဟုတ်တဲ့ ဂျယ်ယွန်းနဲ့ ရွယ်တူကောင်လေးတစ်ယောက် ရောက်လာခဲ့တယ်။ ချယ်ရီပန်းတွေဝေတဲ့နွေဦးကာလမှာ ဂျယ်ယွန်းဘဝထဲ သူဝင်လာခဲ့တယ်။
အဲ့နေ့က ထုံးစံအတိုင်း သူမေမေ့ကိုစောင့်နေခဲ့တာ ၃နှစ်မြောက်နွေဦးပဲ။ ဆယ်နှစ်အရွယ်မှာတော့ သူနည်းနည်းနားလည်လာခဲ့ပြီ။
မေမေပြန်မလာနိုင်တော့ဘူးဆိုတာကိုလေ။ ဒါပေမယ့်လည်း သူစောင့်နေတုန်းပဲ။ မေမေကချယ်ရီတွေကိုရော ဂျယ်ယွန်းကိုရောသိပ်ချစ်တာမလို့ ပြန်လာဦးမှာလို့ပဲ ဂျယ်ယွန်းယုံချင်တယ်။တွေးရင်း ငိုချင်လာလို့ ချယ်ရီပွင့်တွေကြွေနေတဲ့ဆီ အာရုံပြောင်းလိုက်တယ်။
VOCÊ ESTÁ LENDO
Will you be mine forever? (젴선)
FanficSUNJAKE Romance One shot💗 Written in Burmese For Views for Youth-Fan Fics Guide