အပိုင်း-၁၂

479 25 2
                                    

For Unicode


လွှမ်းတစ်ယောက် အဲလက်စ်နှင့်ဖုန်းပြောပြီးသည်နှင့် အိမ်ပေါ်သို့ပြန်တက်ကာ အိပ်ခန်းဆီသို့ဦးတည်လိုက်သည်။ သူ၏အတွင်းရေးမှုး သုခထက်နိုင်အား အတွင်းရေးမှုးရာထူးမှ မြှင့်ကာ သူ၏လူယုံနေရာသို့ခန့်အပ်လိုက်၏။ ဒီ့တော့လဲ သုခတစ်ယောက် အလုပ်ပိုများသွားတာပေါ့။

ကုတင်ထက်သို့တက်ကာ လက်တော့ပ်အား ဖွင့်လိုက်၏။ဝင်လာသော မေးလ်တို့သည် သုခဆီမှပေးပို့သော လုပ်ငန်းဆိုင်ရာမေးလ်များပင်။ ဒီကောင်တော်တော်အလုပ်လုပ်နိုင်တယ်။ သုခအား အလုပ်နှင့်ပက်သက်၍ ကျောက်တန်းဘက် လွှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မနက်ကတည်းက သူ့အနား၌မရြှိခင်းဖြစ်သည်။

မေးလ်းများအားစစ်ကာ သုခအားဖုန်းခေါ်လိုက်သည်။

"ဟယ္လို ဘောစ့် .."

"အင်း ..၊ ကျောက်တန်းကကိစ္စအဆင်ပြေလား"

"ဟုတ် ပြေပါတယ်၊ ကျွန်တော်ခုပဲပြန်လာတာ"

"ဘာ .! မင်းခုမြှပန်ရတာလား"

"ဟုတ်ပါတယ်ဘောစ့်၊ ခုကားမောင်းနေတာပါ"

"အေးအေး ဂရုစိုက်မောင်း၊ ရောက်ရင်ဖုန်းဆက် ငါအခုဖုန်းချလိုက်တော့မယ်"

"ဟုတ် ဘောစ့်"

ဘောစ့်၏ဖုန်းကျသွားသည်နှင့် သုခထက်နိုင်တစ်ယောက် မေတ္တာပို့လိုက်၏။

"ငါ့က် ဟိုသြားပါဦး၊ ဒီသွားပါဦးနဲ့ သူက် သာယာချင်တိုင်း သာယာနေတယ် ဘောစ့်စုတ် !!!"

လွှမ်းသည်လဲ ဖုန်းအားပိတ်ကာ၊ လက်တော့ပ်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။ နေ့လည်က ရုံးတွင်မပြီးပြတ်သေးသည့် စာရင်းများအား ပြန်လည်ကာလုပ်ရသည်။ မပြီးရသောအကြောင်းရင်းကတော့ ကိုကို့အားခိုးခိုးကြည့်ရ၍ မပြီးခြင်းဖြစ်သည်။

"အင်း ..၊ မနက်ဖြန် ၂နာရီ Golden Lord ကုပ္မဏီနဲ့အစည်းဝေးရှိတာပဲ"

လွှမ်းသည် ထိုအကြောင်းအား သင်္ခ၏အလုပ်မှ လက်တော့ပ်အားမေးလ်ပို့ထားလိုက်သည်။ ဖုန်းအားပြန်စစ်ကာ ကြည့်တော့ အဝင်ကောလ်တစ်ခုမှမရိြှခင်းကြောင့် အခန်းမီးရောင်အား ညအိပ်မီးရောင်ပြောင်းကာ အိပ်စက်ရန်ပြင်လိုက်သည်။

ℂ𝕠𝕗𝕗𝕖𝕖 𝔸𝕟𝕕 𝕃𝕠𝕧𝕖 (Complete)Where stories live. Discover now