Intro

4.6K 113 7
                                    


မ နှုတ်ခမ်းက ငယ့်အတွက် နိဗ္ဗာန်ပဲ
အဲ့ဒီနှုတ်ခမ်းက မုန်းတယ်လို့ပြောရင် ငရဲရောက်ရပြီး
အဲ့ဒီနှုတ်ခမ်းလေးကို နမ်းလိုက်ရရုံနဲ့ ငယ်က
နိဗ္ဗာန်ရောက်တာ မ...သိရဲ့လား....

" လွတ်စမ်း မင်းရဲ့ ရွံစရာလက်တွေကို...တောက်...
အဲ့ဒီရွံစရာမျက်လုံးတွေနဲ့လည်း ငါ့ကိုမကြည့်နဲ့
မင်းဘေးမှာ ငါးရံ့ပြာလူး ကပ်နေတဲ့ ပေါပေါပဲပဲ
အစားထဲကလို့ ထင်နေတာလား ငါ့ကို...."

" မထင်ပါဘူး ဘယ်တုန်းကမှ မထင်ခဲ့ဘူး
ငယ့်ဘေးမှာ မ ထက်လှတဲ့သူတွေ တစ်ပုံကြီးထဲကမှ
အရူးလို ရူးမိတာ မ တစ်ယောက်တည်းကို...ချစ်တာ
ငယ် အရမ်းချစ်တာ လို့ မ ကို.."

" မချစ်နဲ့...လုံးဝမချစ်နဲ့...မင်းဘေးမှာ ဝိုင်းနေတဲ့
အဲ့ဒီတစ်ပုံကြီးကိုပဲ သွားချစ် သွားနမ်း
ငါ့အသားကိုလာမထိနဲ့...လွှတ်...ပြောလို့မရဘူးလား
တောက်.... ကဲဟာ..."

" ဖြန်း.... "

လည်ထွက်သွားသော မျက်နှာကို ပြန်တည့်ပြီး အံကိုတင်းတင်း
ကြိတ်ကာ ဒေါသကိုထိန်းလိုက်ရင်း...

" မကို ငယ် အလိုလိုက်ထားလို့ အထင်သေးနေပုံပဲ
အစွယ်ထုတ်မပြလို့ အဆိပ်ရှိမှန်း မသိတာလား...
ခု သိစေရမယ်"

ပြောရင်း လည်ပင်းထက်ကမှဲ့နက်လေးအနား ဆက်ကနဲ
ကိုက်ချပစ်လိုက်တယ်...မ အော်သံကို လုံးဝဂရုမစိုက်
တော့ဘဲ အတင်းဖမ်းချုပ်ထားကာ လှည်ပင်းတစ်ခုလုံး
ဆွဲကိုက်ချပြီး လျှာဖျားလေးနဲ့ နေရာလတ်မကျန် နမ်းပစ်လိုက်တယ်

အချိန်ပေါင်း ဘယ်လောက်ကြာသည် မသိတော့...
ရုန်းကန်နေတဲ့ မ ခန္ဓာကိုယ်လေး ရင်ခွင်ထဲ ခပ်မျော့မျော့
အော်ဟစ်သံတွေအစား အသက်ရှူသံ ခပ်ပြင်းပြင်း...
ဖြတ်ကနဲ့ မျက်နှာလေးကို ကြည့်လိုက်တော့
မျက်ဝန်းအိမ်မှ မျက်ရည်စက်လေးတွေ တွဲခိုလုလု...

နှုတ်ခမ်းကိုလည်ပင်းထက်က အသာခွာရင်း...မျက်ဝန်းများ
မှေးမှိက်သွားတဲ့အထိ နမ်းလိုက်တယ်....နောက်ထပ် စကားများ ထွက်ကျမလို ဟန်ပြင်နေတဲ့ နှုတ်ခမ်းလေးကို ငုံထွေးပြီး
ခပ်ပြင်းပြင်း ဆွဲယူနမ်းရှိုက်ရင်း....ကျန်လက်တစ်ဖက်က
ခါးထက်မှ ပွေ့ပိုက်ကာ ထိမ်းရင်း.... ခြေလှမ်းက အိပ်ယာလေးဆီ...

မ ရဲ့ ကြောင်ရိုင်းလေးWhere stories live. Discover now