[ Unicode]
Taste Of LOVE
.................
"ဆူပုတ်နေတာပဲဟယ် ချွဲဟာရွန်း!"
သူမထိုင်နေသည့် ခုံတန်းရှိနေရာလွတ်၌ ဝင်ထိုင်ကာ ပြောလာသည့်သူက တစ်ဦးတည်းသော သူငယ်ချင်းမ ယွန်ဂျင်း။
ယွန်ဂျင်းက သူမနှင့် တစ်ပါတည်းပါလာသည့်လက်ထဲက မုန့်ထုပ်တွေကို ဟာရွန်း လက်ထဲ
ထိုးထည့်ပေးလာသည်။"မစားချင်ဘူး အဲ့တာတွေ ပြန်ယူ"
ဟာရွန်း လက်ထဲရှိ မုန့်ထုပ်တွေအား ယွန်ဂျင်းဆီ ပြန်ထည့်ပေးသည်။ မျက်နှာကလည်း ဆူပုတ်လို့...
"ယူပါဟယ် နင့်လူကြီးက အသေအချာ ပို့ပေးလိုက်တာကို...စိတ်ကောက်မနေနဲ့တော့ ကလေးလည်းမဟုတ်ပဲ..."
"အဲ့လူကြီးကလေ လူကို အမြဲဝမ်းနည်းရအောင်လုပ်တယ်....ငါ ဒီခရီးကို ဘယ်လောက် တောင် မျှော်လင့်ထားရလဲ"
ဟုတ်သည်။ ဟာရွန်း ဒီခရီး ထွက်ဖို့ လွန်ခဲ့သည့် တစ်လလောက်ကတည်းက အစီစဥ်စွဲခဲ့တာဖြစ်သည်။ ချစ်ရသည့် ထိုလူကြီးနှင့် အတူသွားချင်တာမို့။
အခုတော့ ဂျယ်ဂျူ သွားဖို့ လေယာဥ်ကွင်း၌
သူမနှင့် သူငယ်ချင်းမ ယွန်ဂျင်းသာ ပါသည်။*တီ...တီ....တီ...*
လေယာဥ်ပေါ်တက်ဖို့ ဘယ်နှစ်မိနစ်လောက် မှမလိုခင် ဟာရွန်းဖုန်းလေး တုန်ခါလာခဲ့သည်။
ဟာရွန်း contact အားကြည့်မိတော့...'ဂီဂီလူကြီး♡' ဆိုသည်က screen ပေါ်မှာအထင်းသားလေး။
"ကိုင်လိုက်လေ...ဟာရွန်း.."
ဖုန်းအား တွေတွေကြီးကြည့်နေမိသည့် သူမအား ယွန်ဂျင်း က သတိပေးလာတော့မှ
ဟာရွန်းဖုန်းကိုင်လိုက်သည်။(ကလေးလေး....စိတ်မဆိုးနဲ့တော့နော်...
ကိုယ်တကယ် အရေးကြီးအမှုပေါ်လာလို့ပါ)တစ်ဖက်က ကြားရသည့် လူကြီး၏ ချော့မော့စကားကြောင့် ဟာရွန်း ဆက်စိတ်မဆိုးနိုင်တော့ပါပဲ ဝမ်းနည်း မျက်ရည်ဝဲလာရသည်။