Part-21

1.2K 58 0
                                    

                   ထိုလူသားသာဖြစ်နေသရွေ့ နာကျင်ရလည်းအဆင်ပြေပါသည်။ကောက်ရိုးတစ်မျှင်မဟုတ်လျှင်တောင်မှ ပင့်ကူမျှင်မျှလောက်သော မျှော်လင့်ချက်ရေးရေးလေးအားဆုပ်ကိုင်ထားချင်သည်။သူ၏အရာအားလုံးသည် ထိုလူသားဖြစ်နေသရွေ့ နောင်တရှိလာမည်မဟုတ်ပါ။

               မျှော်လင့်ချက်ရေးရေးလေးဖြင့် မှတ်မိလိုမှတ်မိငြား ရန်ကုန်မပြန်ခင် ဆည်းဆာလျှောက်လမ်းသို့ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။လမ်းတစ်လျှောက်လုံး လွန်း၏လက်အားဆုပ်ကိုင်ထားသောကြောင့် လွန်း၏လက်မှာ ချွေးစေးများပြန်လာပြီဖြစ်သည်။ထိုလူ့အားငဲ့စောင်းကြည့်မိတော့ ထိုလူကပြန်၍ကြည့်လာသည်။လွန်းရင်ထဲ ထိတ်ခနဲ။အကျဉ်းကျနေသော လက်လေးအားလွတ်မြောက်ခွင့်ပေးရန် သူတောင်းဆိုလိုက်သည်။

(A/N ဒီနေရာမှာ အမောင်ကအတိတ်မေ့နေတဲ့အတွက် လွန်းလို့ပဲသုံးပါမယ်နော်)

"ဒီမှာ ကျွန်တော့်လက်ကို နည်းနည်းပါးပါးလေး လွှတ်ပါဦး၊လွှတ်ပေးလိုက်တော့ ကျွန်တော်ကထွက်ပြေးမှာမို့လို့လား"

               အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လေးနေတတ်သော ကောင်လေးသည် အတိတ်မေ့ပြီးသည့်အချိန်မှစပြီး ဂျစ်ကန်ကန်ကောင်လေးအသွင်သို့ပြောင်းသွားသည်။သူ့အား အကန်စကားတွေချည်းပြောနေသော ကောင်လေးအားကြည့်ကာ အဂ္ဂအသည်းယားလာသည်။သူအလိုမကျတိုင်း နှုတ်ခမ်းကိုစူထော်ကာ ပြန်ပြောတတ်လာသည်။ထိုအချိန်တိုင်း အဂ္ဂမှာ စူထော်နေသောနှုတ်ခမ်းဖူးဖူးလေးအားဆွဲကိုက်ချင်စိတ်ပေါက်လာရသည်။သူ့ရှေ့မှ ခုန်ဆွခုန်ဆွနှင့် သူ့အားရန်တွေ့နေသော ကောင်လေးအားချစ်မဝစွာကြည့်လိုက်ပြီး ခေါင်းသေးသေးလေးအားအုပ်ကိုင်ထားလိုက်သည်။

"မင်းကထွက်မပြေးပေမယ့် ကိုယ်ကစိတ်မချလို့လေ။ဖြစ်နိုင်ရင် တစ်သံသရာလုံး မင်းလက်ကိုပဲဆွဲထားချင်တာ သိလား"

ချစ်စနိုးပြောရင်း အသည်းပါမက အူပါယားလာသည်မို့ ခေါင်းလုံးလုံးလေးအားဆွဲဖွလိုက်သည်။ထိုအခါ ကောင်လေးက သူ့အားရန်လိုစွာကြည့်လာသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now