အခန်း (၅၂)

2.6K 298 2
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၅၂)

TRANSLATOR - NC

--------------------

ပေ့သို ဖေ့ကျင်းနှင့်အတူ နန်းတော်တွင်း ဝင်လိုက်လာသည်။

ဖေ့ကျင်း မင်းကြီး၏ နန်းဆောင်ထဲ ဝင်သောအခါ၌ ပေ့သို ရှောင်ထွက်သွားလိုက်သည်။

မင်းကြီးသည် အမြင့်ဆုံး ခုံတွင်ထိုင်နေသည်။ မျက်နှာထားကလည်း သုန်မှုန်နေ၏။ မုမိဖုရားနှင့် သတ္တမမင်းသားတို့ကတော့ ရှင်ဘုရင်၏ တစ်ဖက်တစ်ချက်တွင် ပျော်ရွှင်ရိပ်မြူးစွာ ထိုင်နေလေ၉ည်။ မိဖုရားခေါင်ကြီးကတော့ သူမ၏ နန်းဆောင်တွင်သာ နေလျက် ဌာနေမှာ မရှိနိုင်သော အိမ်ရှေ့စံအား လွမ်းဆွတ်နေလေသည်။

"ရှောင်ကျင်း၊ ရှီးနဉ် ခန္ဓာကိုယ် နေမကောင်းဘူးလို့ မယ်မယ် ကြားလိုက်တယ်" မုမိဖုရားက ဆိုသည်။ "ဒီနေ့ရော သက်သာလာပြီလား"

ဖေ့ကျင်းသည် ရန်ရှီးနဉ် ရင်ဘတ်ဒဏ်ရာရလာသည့်အဖြစ်ကို နှစ်လကြာမျှ ဖုံးကွယ်ထားခဲ့လေသည်။ ရန်ရှီးနဉ် အဆုတ်ယောင်သည်ဟု မင်းမျိုးမင်းနွယ် မိသားစုဝင်များကို ဖေ့ကျင်းက ရှင်းပြထားသည်။ ပြီးတော့ သူမအတွက် အကျော်အမော် ဆေးဆရာများကို ပင့်ဖိတ်ပြီး ကုသသော်ငြား ယနေ့အထိ နာမကျန်းဖြစ်နေသည်ဟု ဆိုထား၏။

ကောက်သစ်စားပွဲတော် အဖြစ်အပျက်များ နှောင်းပိုင်းမှစ၍ မုမိဖုရားနှင့် သတ္တမမင်းသားတို့၏ သူလျိုများ ဖေ့ကျင်းအိမ်တော်ထဲ မဝင်နိုင်တော့ချေ။ ထို့ကြောင့် ရန်ရှီးနဉ် ကိုယ်ဝန်ရှိနေသည်လား၊ မရှိသလားကိုလည်း သူတို့ အတည်မပြုနိုင်တော့။

"လွန်ခဲ့တဲ့ ရက်သတ္တပတ်နဲ့ နှိုင်းစာရင်တော့ ရှီးနဉ် သက်သာလာပါပြီ" ဖေ့ကျင်း ပြောလိုကါသည်။ "ဒါပေမဲ့ စိတ်ချရအောင်လို့၊ ရှီးနဉ် ရက်ပိုင်းလောက် ထပ် အနားယူဖို့ လိုတယ်တဲ့၊ ရှီးနဉ်က ခမည်းတော်နဲ့ မယ်တော်တို့ ခွင့်လွှတ်ပေးစေချင်ကြောင်းပါ"

ဘုရင်မင်းမြတ် မျက်မှောင်ကြုတ်တော်မူသည်။ ဖေ့ကျင်း၏ ကြင်ယာတော်ပင်လျှင် ချူချာလွန်းနေလျှင် တျန်းပြည်ထောင် ပြည့်ရှင်မင်းအနေနှင့် မြေးဦးမင်းသား ချီရဖို့ အချိန်အတော်အတန်ကြာ စောင့်ရမည့်အလားအလာရှိချေတော့၏။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now