အခန်း (၇၂)

2.2K 272 2
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၇၂)

TRANSLATOR - NC
--------------------

နေအထွက်မှာ ဆုံးရှုံး၊ နေအဝင်မှာ ပိုင်ဆိုင် (တရုတ် စကားပုံ)

နေအဝင် အခန်း ၇၂ မှာတော့ မှောင်တယ်။
____

"ဝမ်ဖေး၊ ရှောင်ထုနဲ့ မင်းသားလေးတို့ ပြန်လာပြီ" ရှောင်ကျိုက်က ကြေညာလေတော့တယ်။

ဖေ့ကျင်းသည် ထိုအချိန်၌ ပေ့သိုနှင့် ကျားစေ့ထိုးနေခြင်းဖြစ်ရာ ရန်ရှီးနဉ် ပြန်ရောက်လာသည်ဟု ကြားသည်နှင့် ကျားစေ့ကို ပစ်ချလိုက်ပြီး ပြေးထွက်လာလိုက်တော့သည်။

ပေ့သို ပုံစံကလည်း သိပ်အရေးမလုပ်ဟန် ရှိသော်လည်း ခြေလှမ်းများကတော့ သွက်နေ၏။

ရန်ရှီးနဉ် သူမသားလေးကို ချီပြီး မြင်းလှည့်အပြင် ထွက်လာလိုက်သည်နှင့် အိမ်တော်ရှေ့မှာ လူအစုလိုက်ကြီး ရပ်စောင့်နေသည်ကို တွေ့ရလေတော့သည်။ သို့သော် သူမ အကြည့်များကမူ အလယ်ဗဟိုတွင် ရပ်နေသည့် ဖေ့ကျင်းဆီသာ ရောက်သွားလေသည်။

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်မှာ ခွဲခွာနေရသည့်နေ့ရက်တိုင်းကို ဆောင်းဥတုသုံးလီမျှ ကြာရှည်သည်ဟု အထင်ရောက်နေခဲ့ရသည်။

ရန်ရှီးနဉ် ဖေ့ကျင်းထံ ပြေးသွားကာ ဖက်ထားလိုက်ချင်မိသည်။ သို့သော် ဖေ့ကျင်းက အလျင် သူမထံပြေးလာကာ ဖက်ထားလေ၏။

"ကလေးလေး...!" ရန်ရှီးနဉ် သတိပေးလိုက်ရ၏။

ဖေ့ရှောင်ညောင်ခမျာ မိဘနှစ်ပါးကြား ညှပ်သွားလေပြီး ခေါင်းနောက်သွားရသောကြောင့် အော်ငိုလေပါတော့သည်။

ဖေ့ကျင်း ရန်ရှီးနဉ်ကို လွှတ်ပေးလိုက်ပြီး သားဖြစ်သူကို စေ့စေ့ကြည့်၏။

"သူ ဘာလို့ ရုပ်ဆိုးနေတာလဲ" ဖေ့ကျင်း မေးလိုက်တော့သည်။
[ဘုရင်က ကလေးကို ရန်ရှီးနဉ်နဲ့ တူတယ်လို့ ပြောထားတာနော် 😂]

"ကလေးက ရုပ်ဆိုးတယ်ဆိုရင်တောင် ရှင့်သားပဲ...!" ရန်ရှီးနဉ် ပြန်ပြောလိုက်တော့သည်။

ထိုညနေက အိမ်တော်တွင်းမှ လူများအားလုံး ပြန်လည်ဆုံဆည်းမှု အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပကြလေသည်။ ညစာစားသောက်ပွဲပြီးသောအခါ ဖေ့ရှောင်ညောင်ကို ကလေးအခန်းဆောင်ထဲ သိပ်ထားလိုက်ပြီး စောင့်ကြပ်ပေးရန် ဖေ့ကျင်းသည် ကိုယ်ရံတော်တစ်ဦးကို တာဝန်ပေးထားလိုက်လေတော့သည်။ ထို့နောက်တော့ ရန်ရှီးနဉ်ကို သူတို့နှစ်ဦး၏ အိပ်ခန်းထဲ ဆွဲခေါ်လာကာ တံခါးမင်းတုံးချထားလိုက်ပြီး သူမကို တံခါးမှာပင် ဆွဲကပ်တွန်း၍ နမ်းရှိုက်လိုက်တော့လေသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now