8

180 28 3
                                    

Taehyunနောက်သို့ ကင်မရာကိုင်ပြီး တိတ်တဆိတ်လိုက်နေသောသူအား နောက်မှနေ၍ ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပခုံးလှမ်းပုတ်လိုက်သည်။

"ဟိတ်လူ အဲ့ဒီကင်မရာ ပေးစမ်း"
ပြောလည်းပြော ကင်မရာကိုလည်း ထိုလူလက်မှ လှမ်းဆွဲလိုက်သည်။ ထို့နောက် ကင်မရာထဲမှ memory cardကို ဆွဲထုတ်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး ကင်မရာအားပြန်ပေးလိုက်သည်။

"မင်း ဘယ်ကလဲ"
ထိုလူ၏ ဘယ်ဘက်လက်အား ဇက်ကနဲဆွဲကာ လက်ဖျံကို စစ်ကြည့်လိုက်သည်။ အဖြူရောင် မြွေပုံပါသော သင်္ကေတ။

"ထင်တဲ့အတိုင်းပဲ"ဟုဆိုကာ မျက်နှာတစ်ချက်မဲ့ကာ ပြောလိုက်သည်။

"မင်းတို့ သူဌေးကို ပြောလိုက်၊ နောက်တစ်ခါ ဒီလို ခိုးကြောင်ခိုးဝှက်လုပ်ရင် တစ်ဖွဲ့လုံးကို အမှုန့်ကြိတ်ပစ်မယ်လို့၊ ကြားလား?"

သူခိုးလူမိသွားသဖြင့် တစ်ဖက်လူလည်း ဘာမှပြန်မပြောနိုင်ဘဲ ဟုတ်ကဲ့တစ်လုံးတည်းသာ တုန်တုန်ရီရီပြန်ဖြေရင်း ခပ်သုတ်သုတ် ထွက်ပြေးသွားလေသည်။

သူခိုးလူမိသွားသဖြင့် တစ်ဖက်လူလည်း ဘာမှပြန်မပြောနိုင်ဘဲ ဟုတ်ကဲ့တစ်လုံးတည်းသာ တုန်တုန်ရီရီပြန်ဖြေရင်း ခပ်သုတ်သုတ် ထွက်ပြေးသွားလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

......................................................

အိမ်သို့ရောက်သည့်အခါ memory cardကို laptopနှင့်ချိတ်ဆက်ပြီး ရိုက်ကူးထားခဲ့သော ပုံများကို permanently deleteလုပ်ကာ ထိုcardကို အိမ်သာထဲသို့ ထည့်ကာ ရေနှင့်မျှောချလိုက်သည်။

ထိုသူမှာ တခြားသူမဟုတ်။

Choi Yeonjun.....

Choi Yeonjunဆိုသည်မှာ Mr.Kang၏ သစ္စာရှိ ညာလက်ရုံးတစ်ယောက်ဖြစ်သည်။ အားအကိုးရဆုံး တပည့်အရင်း။

ငယ်စဉ်ကတည်းက မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး ‌ဦးလေးဖြစ်သူထံမှ တိုင်းတပါးသို့ ရောင်းစားခံရခါနီးတွင် Mr.Kangတို့ အဖွဲ့မှ ကယ်တင်ထားခဲ့ပြီး လက်သပ်မွေးထားသော အထူးအဖွဲ့ဝင်တစ်ဦး။

Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉Where stories live. Discover now