5

119 20 0
                                    

#unicode

အစောပိုင်းတွေ့ဆုံမှုကို ကျော်လွှားနိုင်ပြီးနောက်တွင် နောက်ပိုင်းမှာ ပိုမိုလွယ်ကူလာသည်။ စုချင်းယန်က ဟယ်ရှုရှိသည့်နေရာသို့သွားစရာမလိုခဲ့ပေ။ ကံကောင်းစွာပင် သူတို့နှစ်ယောက်မှာ ဌာနတစ်ခုတည်းမှ မဟုတ်ကြသောကြောင့် အဆုံးတွင် စုချင်းယန်တစ်ယောက် အလုပ်ကြိုးစားစရာ မလိုတော့ပေ။

သို့သော်လည်း စုချင်းယန်တွင် မေးခွန်းတစ်ခု ရှိနေသေး၏။ ဇီးရိုး ပြောသလိုဆို ဒါက သူနဲ့ ဟယ်ရှု အတွဲတွေ ဖြစ်လာကြတာလေးပဲလေ။ ဒါဆို သူဟယ်ရှုကို ဖွင့်မပြောသ၍ အဆင်ပြေတယ်လေ။ အဲ့ဒါကို ဘာလို့၊ ဘာလို့ သူ့ကိုရှောင်နေရမှာဦးလဲ။

[ဟယ်ရှုက မင်းကို ချစ်လို့လေ။ သူက ထုတ်မပြတာပဲရှိတာ။]
ဇီးရိုးက စုချင်းယန်၏မေးခွန်းအားပြန်ဖြေလိုက်သည်။ တိတိကျကျပင်။

တကယ်တော့ စုချင်းယန်က သူ့ရဲ့ ကိုးဆယ့်ရှစ်ခါသောသေဆုံးခြင်းက ဟယ်ရှုနှင့်ဆက်စပ်နေသည်ကို သိနေရ၍ ဟယ်ရှုက သူ့ကို ချစ်သည်ဆိုသည်ကို မယုံကြည်ပေ။ သူသည် ထိုကိုးဆယ့်ရှစ်ကမ္ဘာက သူ့ရဲ့ ဖြစ်ချင်တာတွေဖြစ်လိမ့်မည်။ ကံကောင်းစွာပင် သူက ဒီကမ္ဘာမှာဖြစ်နေသည်။ ဖြစ်ချင်တာတွေရှိမနေတော့ပေ။

[ဒီကမ္ဘာမှာ မင်းသူ့နဲ့ ချစ်သွားလို့မရဘူးနော်။ နားလည်ရဲ့လား။"
ဇီးရိုးက ပြောလိုက်သည်။

"သေချာပေါက်ပဲပေါ့။"
စုချင်းယန်က ပြန်ပြောလိုက်သည်။
"ခင်များပြောသလိုဆို ဒါတွေက ကျွန်တော့်မှာ သူငယ်ချင်းမရှိလို့ဖြစ်တာမလား။ ဟယ်ရှုက ကျွန်တော့်အတွက် ရှိနေခဲ့ပေးရုံပဲလေ။ နောက်ပိုင်းမှာတော့ ကျွန်တော် သူ့ကိုချစ်သွားမှာပေါ့။  ဒါပေမယ့် အခုတော့ အဲ့လိုဖြစ်မှာမဟုတ်တော့ဘူး။ ကျွန်တော် ဟယ်ရှုကိုမသိဘူး။ ဒုတိယအချက်က ကျွန်တော့်မှာ ကျွန်တော့်ကို စကားပြောပေးမယ့် ခင်များရှိနေပြီလေ။"

"အဲ့တော့.......မင်းက ကိုယ်နဲ့ပတ်သက်ပြီး တော်တော်လေးနက်တာပေါ့။"

"သဘာဝကျကျပဲလေဗျာ။"
သူ့ကိုစကားပြောဖို့ဆန္ဒရှိပြီး ဘယ်တော့မှမထားခဲ့မယ့်သူကို ပိုင်ဆိုင်ဖို့က ခက်သည်လေ။

4:48(mm trans)(Complete)Where stories live. Discover now