V3 Chapter 10

187 27 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 10 - Dr.Soul

တောင်ကိုရီးယားမြို့တော် ဆိုးလ်။

လူကန်က သူ့ရှေ့တွင်ရှိနေသည့် လူတစ်ကိုယ်ဝင်စာ တွင်းပေါက်မှနေ၍ အတွင်းသို့ငုံကြည့်လိုက်သည်။

နယူး​ယောက်တွင် သူတွေ့ဖူးခဲ့သည့် မြေအောက်စမ်းသပ်ခန်း ပုံစံတူဖြစ်ပြီး ယခုတစ်ခုက အရင်တစ်ခါစမ်းသပ်ခန်းထက် အများကြီးပိုကြီး၏။ အန္တရာယ်အငွေ့အသက်ကို ရနေသည့်အတွက်လားတော့မသိ သူ့လက်ထဲမှဓားမှာ ခုန်ထွက်လုမတတ် တုန်ရီနေပြီး ဓားပုံစံများက အလိုလိုပြောင်းလဲနေ၏။

"ဦးလေးကျင့်ခယ်... တစ်ခုခုအာရုံခံမိလို့လား။"

သူမေးလိုက်တော့ ဓားကချက်ချင်း နဂါးနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး လေထဲမှာတင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ တစ္ဆေဆန်ဆန်ပုံရိပ်က ထွက်ပေါ်လာသည်။

"အတွင်းထဲမှာ သိပ်အန္တရာယ်များတယ်၊ ဒီတွင်းပေါက်ထဲမှာ လူ့အသက်ပေါင်းများစွာကို ယူဆောင်ပြီးပြီဖြစ်တဲ့ လူတစ်ယောက်ရှိနေတယ်။"

ကျင့်ခယ်က ဖြောင်းဖျသည့်အနေဖြင့် လေသံကိုအေးအေးထားပြီး ရှင်းပြလိုက်သည်။ တည်ငြိမ်သည့်အမူအရာဖြင့်ရှိနေသည့် မိုယဲ့ကလည်း ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောသည်။

"ဟုတ်တယ်၊ သွေးဆာနေတဲ့ အခြားသတ္တဝါတွေကိုလည်း အဒေါ်အာရုံခံမိတယ်။ မသွားတာ ကောင်းလိမ့်မယ်။"

သို့သော်လည်း လူကန်ကတော့ ထိုနေရာမှ ဒီအတိုင်းလှည့်ထွက်သွားဖို့ သဘောမတူပေ။ ယခု သူ့ဘေးနားတွင် အများတန်းရှိနေတတ်သည့် ဖက်တီးဖရန့်ကို ဘယ်နေရာမှမတွေ့ရပေ။ သူအခုလုပ်ဆောင်နေသည့်အရာက သူ့သူငယ်ချင်း၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်မဟုတ်လား။

သူတို့နှစ်ယောက်က ဆုဗာနာမှထွက်လာပြီးနောက် သက်ဆိုင်ရာနိုင်ငံများကို အစီရင်ခံကာ မြူတန့်သိပ္ပံအဖွဲ့နောက်ကို ဆက်လိုက်လာကြခြင်းဖြစ်သည်။ အမိန့်တော်အဖွဲ့မှ ဖရာလီတာမှာ ဂျပန်သို့သွားနေပြီဖြစ်၍ သူတို့က တခြားသဲလွန်စတစ်ခုနောက်သို့ လိုက်လာခြင်းဖြစ်သည်။

I just Wanna be Hero not HeroineWhere stories live. Discover now