Intro

32.4K 1.7K 137
                                    

Unicode

"တီ .... !!"

ဟွန်းရှည်ဆွဲပြီးလိုက်လာတဲ့ အနောက်က ကားကို Back မှန်က တဆင့် ထယ်ယောင်းကြည့်ပြီး စိတ်ပျက်သွားသည်။

မဲနက်နေတဲ့ပြိုင်ကားတစ်စီးက မရပ်မချင်း အနောက်က လိုက်နေမယ့်ပုံ။

"ကင်မ်ထယ် .. ကျွန်တော် တိုက်ပစ်လိုက်မှ ရပ်မှာလား"

ဘေးကနေ လိုက်ယှဉ်ပြီး စကားလိုက်ပြောနေတဲ့သူက ထယ်ယောင်း အမုန်းဆုံးသော သူ။

"ကျစ် .. ချီးပဲ"

တုံ့ခနဲ ထိုးရပ်ပေးလိုက်တော့ သူပါ ကားရှေ့မှာ ပိတ်ရပ်ပြီး ဆင်းကာ ထယ်ယောင်းကားစီသို့ လျှောက်လာသည်။

"အဟက် .. လိမ္မာရဲ့သားနဲ့"

ကားတံခါးဘောင်ကနေ လက်ထောက်လျက် ကားထဲက ထယ်ယောင်းရဲ့ဆံပင်ကို လာဖွတဲ့သူ့လက်တွေကို ခပ်ပြင်းပြင်း ပုတ်ထုတ်လိုက်သည်။

"ကျွတ်စ် .. ပြောစရာရှိတာပြော"

သူက ဂျစ်ကန်ကန်စတိုင်လ်ဖြင့် ခေါင်းစောင်းကာ လူကို ပြန်ကြည့်သည်။

"ကားပေါ်ကဆင်းလေကွာ .. မာနကြီးလိုက်တာ"

"မင်းနဲ့ငါက စကားအတူရပ်ပြောရလောက်တဲ့ဆက်ဆံရေးမျိုး မဟုတ်ဘူး .. မင်းပြောစရာရှိတာပြောပြီး ဖယ်ပေးတော့"

ဒေါသကြောင့် ထယ်ယောင်း အသံတွေပါ တုန်နေသည်။

"အဟား .. စိတ်ဆိုးတာလား ချစ်ဖို့ကောင်းသားပဲ"

ပြီတီတီမျက်နှာပေးနဲ့ ပြောတဲ့ သူ့မျက်နှာဟာ ဖြတ်ရိုက်ပစ်လိုက်ချင်စရာ။

"မပြောဘူးဆိုရင် ဖယ်တော့"

သူက ထယ်ယောင်းစကားကို လုံးဝ ဂရုမစိုက်ပဲ ကားတံခါးကို ဆွဲဖွင့်ပစ်လိုက်ပြီး ထယ်ယောင်းလက်ကနေ ဆွဲခေါ်ထုတ်သည်။

"ဘာလုပ်တာလဲ .. ငါ့အသားကို မထိနဲ့"

"အော်ဟော် .. နောက်လဲ ထိရမယ့်လူတွေပဲကို"

"ဂျွန်ဂျောင်ဂု .. မင်း သိပ်ရိုင်းပါလား"

"ကျွန်တော့်ဘဝမှာတော့ ဒါအယဉ်ကျေးဆုံးပဲ"

သူက ထယ်ယောင်းကို ခွန်းတုံ့ပြန်ပြီးနောက် ထယ်ယောင်းကားထဲ ဇိုးဇိုးဇတ်ဇတ်ဝင်ထိုင်သည်။

Hurts Like HellWhere stories live. Discover now