Ep-4 ❤

7.8K 301 13
                                    

< Unicode>

နောက်တစ်နေ့နံနက်,

အော်အီးအီးအွတ်! .......

" ပဲပြုတ်ပူပူလေး
ပဲပြုတ်ပူပူလေး ကောက်ညှင်းပေါင်းနဲ့အကြော်စုံလဲပါတယ်တော့်! "

" ဒုန်း ဒုန်း ဒုန်း!!"

အေးရိပ်သာရွာလေး၏နံနက်ခင်းသည် ရွာဦးကျောင်းမှတုန်းခေါက်သံ စျေးသည်အချို့၏စျေးရောင်းသံ ကြက်ဖတွန်သံများနှင့်သာယာစိုပြေလို့နေပါသည် သို့သော်ငြားတစ်ပတ်ပြည့်လျှင်ခွဲခွာရမည်ဟူသောအတွေးဆိုးသည်အိမ်မက်ဆိုးသဖွယ်ဝင်ရောက်လာပြန်သည် ထိုအတွေးတွေကိုတစ်ဖန်မေ့ဖျောက်ကာ ယခုရရှိနေတဲ့အချိန်လေးကိုသာပျော်ပျော်ရွှင်ရွှင်ဖန်တီးပေတော့မည် နံနက်စောစောထကာအမေ့အသုပ်စုံဆိုင်လေးကို သားအမိနှစ်ယောက်လိုအပ်တာတွေဝိုင်းဝန်းခင်းကျင်းနေတော့သည် မေမေ့လက်ရာကကောင်းလွန်းသဖြင့် တစ်ဖက်ရွာတွေကတောင်တကူးတကဝယ်ယူကြသေးသည် မေမေ့ရောင်းအားကမှန်းတာထက်တောင်ပို၍ကောင်းပေသည် ဆိုင်လေးခင်းကျင်းပြီးတော့ ကလေးတွေကျောင်းဖွင့်ရက်ဖြစ်တာမို့ ကျောင်းသွားရန် အိမ်ကရေဘုံပိုင်လေးကိုအမြန်နှိပ်ပြီး ချိုးရသည် ကျောင်းစိမ်းအဝတ်လေးတွေသပ်သပ်ရပ်ရပ်ဝတ်ကာ သက်ထောက်ကူစာအုပ်လေးများကိုကချင်လွယ်အိတ်လေးထဲ ထည့်ကားဘေးတစ်စောင်းလွယ်ရင်း အိမ်ပြင်ထွက်လာတော့ ​မေမေက အသုပ်စုံသုပ်နေရင်းနဲ့လှမ်းကြည့်သည် ရွာထဲကစားသုံးသူတွေကလဲစည်ကားနေလေ၏

" သားဖိုးသွဲ့လေး ကျောင်းသွားတော့မှာလား အသုပ်စုံလေးဘာလေးစားပြီးမှသွားလေသားရဲ့"

မေမေက တုံ့ဟူးသုပ်ကိုလက်အိတ်နဲ့အားရပါးရနယ်ရင်း ပြောတော့ ရှေ့ကစားသုံးသူတွေရဲ့အကြည့်​တွေကလဲ သွဲ့ဆီသို့စိုက်စိုက်မြိုက်မြိုက်ရောက်လာ၏ ထိုထဲမှ ကလျာနွဲ့၏ အကြည့်သည်အဆိုးဆုံးဖြစ်သည် ကလျာနွဲ့ဆိုသူမှာ ဟိုဘက်ရွာ၏ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အလှပဂေး စပ်စလူးနတ်ပူးဖြစ်သည် သူမသည်လူတစ်ယောက်ကိုမြင်လျှင်ခေါင်းအစ ခြေအဆုံးသေချာကြည့်တတ်သည် စပ်စုရတာလဲသူ့ဝါသနာလိုက်ိုဖြစ်နေလေပြီ သူမကဟိုဘက်ရွာကဆိုပေမဲ့ သွဲ့တို့ အေးရိပ်သာရွာကိုသာအလာများဆုံးဖြစ်သည် လာရသည့်အကြောင်းအရင်းကတော့ ရွာထဲကအပျိုတစ်သိုက်နှင့် BLအကြောင်းဆွေးနွေးခန်းဖွင့်တာဖြစ်သည်

Between Love & Hate(Complete) Where stories live. Discover now