story 1

21 0 0
                                    

နင့်ကိုငါသတိထားမိတာ ဒုတိယနှစ်လောက်ကများလား?နင်က ငါကြည့်နေကျဇာတ်ကားထဲက မင်းသားနဲ့တူလို့ ငါသတိထားလာခဲ့မိတာ အခုနောက်ဆုံးနှစ်ရောက်လာတဲ့အထိပဲ။
တဖြည်းဖြည်းနဲ့နင့်အကြောင်းသိချင်လာခဲ့မိတယ်။ အခန်းထဲရောက်ရင်လည်း နင်ထိုင်တဲ့နေရာကို အလိုလိုနေရင်းလိုက်ရှာမိနေတယ်။နင်ဘယ်အချိန်ရောက်တယ် ဘယ်အချိန်ပြန်လဲဆိုတာကအစ ငါသိချင်မိနေတာ ဘာကြောင့်များလဲ ငါကိုယ့်ငါမစဉ်းစားတတ်တော့ဘူး။
တိုက်ဆိုင်တယ်ပဲပြောရမလား? အဲ့လောက်နင့်အကြောင်းကိုသိချင်တဲ့ငါက နင့်ကိုမထင်မှတ်ဘဲအမြဲတမ်းအလိုလိုကိုနင်နဲ့ဆုံတွေ့မိနေတာ....တိုက်ဆိုင်မှုလို့ပဲငါ့စိတ်ကမှတ်လိုက်ပါတယ်။
တနေ့တော့ လူတွေ့စာမေးပွဲဖြေတဲ့အချိန် နင်အစောကြီးရောက်လာခဲ့တာ အဲ့မှာနင်နဲ့ငါနဲ့နှစ်ယောက်ထဲရှိတာ
နင်ကတော့သတိထားမိမယ်မထင်ဘူး
ဘာလို့လဲမသိဘူး ငါတို့နှစ်ယောက်အတူတူရှိတဲ့အချိန်ဆို ငါ့မသိစိတ်ကအလိုလိုနေရင်းပျော်လာတာကိုငါသတိထားမိတယ် နင့်ရဲ့ရိုးရိုးအေးအေးနေတတ်တဲ့အကျင့်က ငါ့ကိုဆွဲဆောင်နေသလိုပဲ
ဒါမှမဟုတ် ငါကပဲ အထူးတလည်နင့်ကိုသတိထားမိနေတာပဲလား
ငါတကယ်အရမ်းကိုပျော်ခဲ့တာပါ ငါ့ရဲ့အမည်မသိသေးတဲ့ရိုးအေးတဲ့ကောင်လေးရေ

LovWhere stories live. Discover now