part 2

8 0 0
                                    

ကံကောင်းတယ်ပဲပြောရမလား.....
ဖြစ်ချင်တော့နင်က ငါလုပ်အားပေးဖို့ဝင်ခဲ့တဲ့အဖွဲ့ထဲမှာ အဖွဲ့ဝင်ဖြစ်နေခဲ့တာ။
ငါအရမ်းပျော်တာပဲ.......
လုပ်အားပေးတဲ့အချိန်ရောက်ရင် ငါနင်မသိအောင် နင်နဲ့မနီးမဝေးလေးမှာငါနေတယ် ပြီးတော့နင့်ကိုကြည့်တယ်
နင်ကလဲပုံမှန်အတိုင်းပဲတည်တည်ကြည်ကြည်လေးနဲ့ နင်လုပ်စရာရှိတာကိုဆက်လုပ်နေတုန်းပဲ
ငါကလဲနင့်ရဲ့အဲ့လိုအပြုအမူလေးတွေကို"သဘောကျနေတာ...."
"သဘောကျနေတာ".....တဲ့လား ငါကိုယ်တိုင်တောင်မသိလိုက်ဘဲ နင့်ကို ငါ့ရဲ့စိတ်ကတဖြည်းဖြည်းနဲ့သဘောကျလာခဲ့ပြီ.......
ငါနင့်နာမည်ကိုသိဖို့ကြိုးစားခဲ့တယ် အခုတော့နင့်နာမည်ကိုသိရဖို့အရင်ကလောက်မခက်ခဲတော့ဘူး ငါအဖွဲ့ထဲကစီနီယာအမကိုမေးခဲ့တယ်။
အင်း....နင့်နာမည်ကိုငါသိခဲ့ပြီ..........
နင့်နာမည်နဲ့အတူ မထင်မှတ်ထားတဲ့နင့်ရဲ့အကြောင်းကိုပါတွဲပြီးကြားလာခဲ့တယ်။
အဲ့တာက..........
နင့်မှာချစ်ရတဲ့သူရှိနေတယ်တဲ့လား...........

LovWhere stories live. Discover now