Love Is Coffee -16

454 35 7
                                    

Unicode

အိမ်တံခါးဝ၊ ဆိုင်တံခါးဝတွေမှာ ချိတ်ဆွဲထားလေ့ရှိတဲ့ ခေါင်းလောင်း၊ ဆည်းလည်းတို့ရဲ့အသံကို သဘောကျနှစ်ခြိုက်သည်။ အိမ်မှာဆိုရင် တမင်တကာကို ခေါင်းနဲ့တိုက်ပြီး အသံမြည်အောင်လုပ်လေ့ရှိသည်။

အခုလည်း တံခါးပွင့်လာတာနဲ့ ချွင်ခနဲအသံလေးက ပျံ့လွင့်လာ၏။ ပွင့်လာတယ်ဆိုတာက တံခါးဖွင့်ပေးသူရှိလို့။

ဆိုင်၀န်ထမ်းတော့ မဟုတ်။

စွမ်းရည်လင်းသာ။

အသားရောင်တီရှပ်နဲ့ ပုဆိုးအကွက်လေးနဲ့ သေသပ်နေတဲ့အနက်ရောင်ဆံပင်တို့ကြောင့် တနေရာရာက ပြန်လာသလား တွေးမိပေမယ့် သူက အမြဲတမ်း ဒီလိုပဲ သပ်ရပ်နေတာ။

" နေပူနေတာကို.. ဆောရီး... "

မလိုအပ်ကြောင်း ပြန်မပြောမိ။ မပြောချင်တာမဟုတ်ပဲ သူ့ကိုတွေ့လိုက်ရထဲက လူနဲ့စိတ်နဲ့ လွတ်ထွက်သွားလို့ ပြန်လိုက်ဖမ်းနေရသေးလို့။

ဆိုင်လေးက ချစ်စရာ။ အပင်ငယ်လေးတွေနဲ့ စိမ်းစိုလှပနေပြီး အတွင်းပိုင်းအပြင်အဆင်တွေနဲ့တင် စိတ်ကြည်လင်ရသည်။

" ဘာသောက်မလဲ... "

" အာ... "

" Self-Serviceရတယ်.. မင်းသောက်ချင်တာ ဖျော်ပေးမယ်.. ကျနော်ကိုယ်တိုင်... "

ခြေလှမ်းတွေပင် တုံ့ဆိုင်းသွားရသလို။ အခုမှတွေ့တာ တမိနစ်လောက်တောင် မရှ်ိသေးဘူးလေ။ ‌ဖြည်းဖြည်းချင်းပေါ့။

" Latte... "

" လိုက်ကြည့်မလား.. processကိုလေ.. ကျနော်လည်း မကျွမ်းကျင်ပါဘူး.. ဒီကအစ်ကိုတယောက်က ကူညီပေးမှာ... "

ခေါင်းညိတ်လိုက်လား၊ ခေါင်းခါမိလား မသိပေမယ့် ခြေလှမ်းတွေဟာ သူခေါ်ဆောင်ရာနောက်ကို လိုက်ပါနေပြီဖြစ်သည်။

ဆိုင်ဝန်ထမ်းတွေနဲ့ ရင်းနှီးနေပုံရ၏။ သူတို့ကလည်း စွမ်းရည်လင်းကိုသာ ပြုံးရယ်နှုတ်ဆက်တာမျိုးမဟုတ်ပဲ သူမကိုပါ ဖော်ဖော်ရွေရွေရှိတာမို့ အနေရမခက်။

တခါမှမသိကျွမ်းတဲ့လူတွေဆိုပေမယ့် နွေးနွေးထွေးထွေးရှ်ိတာကြောင့် ဖိအားမရှ်ိပဲ အလိုက်သင့်နေနိုင်သွားသည်။

ICY : Sugar Free Ice Cream Where stories live. Discover now