Episode 2

126 22 0
                                    

Unicode ...

ဒီနေ့လည်း Renjun club activity ပြီးလို့ အဆောင်ပြန်ဖို့ရန် Shotaro နဲ့ Yang Yang ကိုစောင့်လိုက်သည်။ Jeno, Jaemin နဲ့ Haechan က ကိုရီးယားလူမျိုးတွေမို့ သူတို့အိမ်ရှိပေမဲ့ သူရယ် Shotaro နဲ့ Yang Yang က လူမျိုးခြားတွေမို့ အဆောင်နေကြရသည်။

မကြာခင် Jeno, Haechan, Jaemin, Yang Yang, Shotaro တို့ သူတို့ club အသီးသီးက ထွက်လာကြပြီး Renjun ထိုင်စောင့်နေရာ ထိုင်ခုံတန်းဆီသို့ လာခဲ့ကြသည်။

အဆောင်ထမင်းမစားချင်ဘူး၊ ဟော့ပေါ့စားချင်သည်ဆိုလာသော Renjun စကားကို Shotaro နဲ့ YangYang ကပါ ဟော့ပေါ့သွားစားဖို့ သဘောတူသည်။ အိမ်ပြန်မယ့် Jeno, Haechan နဲ့ Jaemin ကပါ စားကြရအောင်ဟုဆိုကာ ဟော့ပေါ့ဆိုင်သို့ သွားခဲ့ကြသည်။

ဟော့ပေါ့ဆိုင်ရောက်တော့

"Renjun မင်း Mark hyung နဲ့ တွေ့ခဲ့သေးလား"

Jeno, Renjun ထိုင်နေသည်ဘက် မျက်နှာမူကာ မေးလိုက်သည်။

"အင်း ခုနက club ထဲ မဝင်ခင်။ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း မေးကြည့်တာပါ"

Renjun လည်း ဘာမှထပ်မပြောတော့ဘဲ ဟော့ပေါ့စားဖို့ရန်သာ ပြင်လိုက်သည်။

...........................................................................

Renjunတို့ ကျောင်းတက်တာ နောက်လစာမေးပွဲဖြေပြီးလျှင် semester တစ်ခုပြီးတော့မည်ဖြစ်သည်။ မနက်ဖြန် စနေနေ့ဖြစ်ပေမဲ့ Art club ရဲ့ ပြိုင်ပွဲရှိသည်မို့ Renjun လိုအပ်သည်တချို့ကို ပြင်ဆင်လိုက်သည်။

အဆောင်တူ၊ အခန်းကွဲတဲ့ Shotaro နဲ့ Yang Yang ကတော့ ပြိုင်ပွဲမရှိသည်မို့ အတူတူ shopping ထွက်မည်ဟုကြားသည်။ Jeno, Jaemin ကတော့ club က activity တစ်ခုရှိသည်ပြောပြီး Haechan ကတော့ club က အစ်ကိုတွေနဲ့ သွားစရာရှိသည်ပြောသည်။

Renjun ပြင်ဆင်ပြီးလို့ အိပ်ရာဝင်ခါနီး ဖုန်းသုံးတော့ Mark hyung ဆီက စာဝင်လာသည်။ အင်း ... Mark sunbae မဟုတ်တော့ဘဲ Mark hyung လို့ခေါ်ဖို့သာ ပြောလာသည်မို့ Renjun စီနီယာကို Mark hyung လို့သာ ပြောင်းခေါ်ဖြစ်သည်မှာ နှစ်လလောက်ရှိပြီဖြစ်သည်။

Mark
onyourm__ark

Renjunie ?

Nae hyung
Wae?

He's mine! [MarkRen]Where stories live. Discover now