ဦးခြေရင်းမှနှလုံးသားတစ်စုံ{part 1}

3K 44 0
                                    

ဦးခြေရင်းမှနှလုံးသားတစ်စုံ

{အဟောင်းကိုပြန်တင်ပါသည်။}

#အခန်း၁# 

နန်းတော်ကြီးတစ်မျှ ကြီးကျယ်ခမ်းနားလှသော ဟိုတယ်ကြီးတစ်ခုထဲတွင်လူအများစည်ကားသိုက်မြိုက်စွာ ရောက်ရှိနေပီး ပျော်ရွှင်ရီမောနေကျလေသည်။

အောင်မြင်ကျော်ကြားသော ဂုဏ်သရေရှိလူအများနှင့်အတူ သတင်းထောက်အများအပြား လူကုံထံအသိုင်းအဝိုင်းမှလူအများရောက်ရှိနေကျသည်။

''ဝါးးးလှလိုက်တာ နတ်သမီးလေးကျနေတာပဲ´´

မိတ်ကပ်ပြင်ပေးနေသော မာမီဆီမှချီးကျူးသံကြောင့် သူမပြုံးလိုက်မိသည်။

''သတို့သားမြင်ရင်တော့ ကြွေဆင်းတော့မှာပဲ´´

''အဲ့တာပြောတာပေါ့ သတို့သမီးကောသတို့သားကော ပြောစရာမရှိအောင်လိုက်ဖက်နေလွန်းလို့ မနာလိုတောင်ဖြစ်နေပီ´´

''ဟုတ်တယ် အရမ်းကိုလှနေကျတာလေ´´

''သတို့သမီးကကံကောင်းလိုက်တာ Golden.World(G.W) Groupရဲ့ချွေးမလဲဖြစ် သတို့သားကလဲပြောစရာမလိုအောင် ခန့်ညားလွန်းလို့ ဂုဏ်ယူလိုက်တာ´´

''ဟုတ်တယ် (G.W)Groupရဲ့ ချွေးမဖြစ်ဖို့ကလွယ်တာမဟုတ်ဘူး အခုတော့ကြည့်ပါအုံး ကံကောင်းလိုက်တာ´´

''ကဲပါမာမီတို့ရယ် အရမ်းတွေမြှောက်နေကျလွန်းလို့ ဆူးအပေါ်မြှောက်တက်နေပါပီ အဟွန်း´´

''တစ်ကယ်ပြောတာ အရမ်းကိုလှပီးလိုက်ဖက်လွန်းလို့´´

''မင်္ဂလာပွဲစတော့မယ် ၁၀မိနစ်ပဲလိုတော့တယ်´´

''အားလုံးအဆင်သင့်ပဲ´´

ကောင်မလေးတစ်ယောက်ကလာပြောသဖြင့် မာမီတစ်ယောက်ကပြန်ဖြေလိုက်သည်။

''ကဲထ သတို့သမီးလေးခန်းမဆီသွားရအောင်´´

ဆူးနေရာမှထလိုက်ကာ ခန်းမဆီလျှောက်လာခဲ့လေသည်။

''ဝါးးလှလိုက်တာ´´

ဖြောင်းးဖြောင်းးဖြောင်းး

လူအများရဲ့လက်ခုပ်သံများကြားမှာ သူမမျက်နှာလေးပြုံးရွှင်နေလေသည်။သတို့သားရှိရာသို့ တစ်လှမ်းချင်းရွေ့လျားကာ လျှောက်လာခဲ့လေသည်။သူကမ်းပေးသောလက်ကို လှမ်းလိုက်ရင်း လှပသောအပြုံးတစ်ပွင့်ဖန်ဆင်းကာ စင်မြင့်ပေါ်တက်လိုက်သည်။

ဦးခြေရင်းမှနှလုံးသားတစ်စုံWhere stories live. Discover now