ep19

15 3 2
                                    

Unicode

တစ်မနက်အတွင်း ဖြစ်ပျက်သွားသမျှ
ကို မုန်းအခုတိုင် နားမလည်နိုင်သေး။

အဖြစ်အပျက်များကို တစ်ဆင့်စီ ပြန်တွေး
ကြည့်တော့လည်း မည်သည့်နေရာမှ စ၍
လွဲသွားသည်မှန်းမသိ။

မနက်ထပြေးရင်း ဒဏ်ရာရနေသည့် သူအား
ကယ်တင်ရန်ကြိုးစားသည်။ စုတ်ပြတ်သတ်
ကာ ဖြူစုတ်နေသော အလောင်းကို ယခုထိ
မျက်စိထဲက မထွက်။

မကြာလိုက် အမည်းရောင် ကားတစ်စီး
ရောက်လာပြီး ဖြစ်ကြောင်းကို မေး၍
အလောင်းအား တိုးတိုးတိတ်တိတ်
သယ်သွားသည်။

မုန်းလည်း အဆောင်သို့ပြန်သည်။
အဆောင်ရှေ့ရောက်တော့ ရဲများက
အုပ်အုပ်ကြွလျှက်။ တာဝန်အရပါ
ဟုဆိုကာ မုန်းအား လက်ထိပ်ခတ်၏။

ထိုအခြေအနေမှ ယခု လူသတ်မှုနှင့်
စစ်ဆေးရေးခုံတွင် ထောက်လှမ်းရေး
ရဲမှူး ရဲအုပ် စသော စသော များလှသည့်
ရာထူးအမျိုးမျိုးနှင့် လူများရှေ့ ထိုင်နေရသည်။

မုန်းကြားရသလောက် သေဆုံးသွားသည့်
လူ၏ ဦးလေးဖြစ်သူက မိမိအား အမှုဖွင့်ထား
ခြင်းဖြစ်သည်။

ဖြစ်စဥ်က မြင်သာနေသော်လည်း ထိုရဲများက
တုပ်တုပ်မလှုပ်သည့် ပုံကို ကြည့်ရလျှင်
တရားလိုက အကောင်ကြီးနေ၍ဖြစ်မည်။

ကြာကြာပြေးထားသည်က တစ်ကြောင်း၊
ဆယ့်တစ် ထိုးသည်အထိ မနက်စာပင် မစားရ
သေးသည်ကတစ်ကြောင်း မုန်း ရင်တဖတ်ဖတ်
တုန်နေသည်။

သူတို့ဘက်မှ ဖိအားပေး၍ မေးလေ မုန်း
မဖြေနိုင်လေဖြစ်သည်။ ဂျူတီမရှိသည့်နေ့
စာအုပ်လေးဖတ်ကာ နားနေရမည့်အစား
ရဲစခန်းတွင် ငုတ်တုပ်ထိုင်နေရသည်။

နားချင်လှပြီ......။

**********

Tu~~ tu~~~tu….

ဖုန်း၏ တုန်ခါမှုကြောင့် နိုးလာသည်။

လေးနေသည့် မျက်ခွံကို အားယူကာ
ဖွင့်ပြီး နံပါတ်ကြည့်လိုက်သည်။

ကျင်းဆွေ့၏ အတွင်းရေးမှူး နံပါတ်ဖြစ်နေ
၍ ခွန်လျန်း မကိုင်ဘဲ ပေကာ ဆက်အိပ်
နေလိုက်သည်။ အကြောင်းကား အလုပ်ကို
လက်စသတ်ခဲ့ပြီ ဟုသာ ပြောမည်ကို
ခွန်လျန်း သိပါ၏။

A Special Guy From Taunggyi Where stories live. Discover now