Part-23

1.1K 46 4
                                    

               
Song recommend- Dandelions

           လူတစ်ယောက်ကိုချစ်ခြင်းဟာ အဲ့ဒီလူရဲ့ ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်းတွေကို မျှဝေယူခြင်းလို့ပင် သတ်မှတ်ချင်သည်။ထိုလူသား ပြုံးနေတာမြင်ရင် ကိုယ်ကပါအလိုလိုပျော်ရသလို ထိုလူသားငိုနေရင်တော့ ကိုယ်ကပါအဆမတန်နာကျင်ရသည်အထိ ချစ်ခြင်းမေတ္တာက စွမ်းအားကြီးပါသည်။

                ဖြူဖျော့နေသောမျက်နှာလေးသည် တဖြည်းဖြည်းသွေးရောင်လွှမ်းစပြုလာပေပြီ။သို့သော် မျက်၀န်းညိုတစ်စုံကတော့ အရောင်မှိုင်းလျက်ပင်ရှိနေသေးသည်။သွေးရောင်လွှမ်းလာသော နှုတ်ခမ်းလေးသည် ယခုတော့ အားပါးတရရယ်မောခြင်းဖြင့် ပျော်ရွှင်နေခြင်းအားအဓိပ္ပာယ်ဖော်၏။

             နဖူးထက်တွင် ဝဲကျနေသောဆံပင်တို့အား လက်ဖြင့် ညင်ညင်သာသာဖယ်ပေးချိန်တွင် လဲလျောင်းရင်းနှင့်အားပါးတရရယ်မောနေသော ကောင်လေးက အရယ်မပြတ်စေဘဲ သူ့အားကြည့်လာ၏။ထို့နောက် ရယ်မောခြင်းအား အဆုံးသတ်သည်။မျက်၀န်းညိုတို့မှာ အရည်ကြည်လဲ့လာပြီး လွမ်းရိပ်၊ဆွေးရိပ်များဝေ့နေသည်။

"လွန်း ဘယ်လိုနေလို့လဲဟင် သက်သာရဲ့လား။ကိုယ် ဘာလုပ်ပေးရမလဲ"

သူ့အားကြည့်ပြီး ပြုံးပြသည်။ခေါင်းလေးကို ခါယမ်းလိုက်ရင်း ခပ်ဖွဖွလေးဆို၏။

"သက်သာပါတယ် ...ဒါနဲ့ ကျွန်တော်မေးစရာရှိတယ်"

          သူတို့စကားဝိုင်းအား ကျန်လူလေးယောက်ကပါအာရုံစိုက်လာကြသည်။အဂ္ဂက မျက်ခုံးအနည်းငယ်တွန့်သွားပြီး လွန်းအားပြန်ကြည့်လာသည်။

"မေးလေ လွန်း။ဘာသိချင်လို့လဲ"

             ကောင်လေးက မေးရန်အခက်တွေ့နေပုံရသည်။မျက်နှာလေးက နီရဲသွားပြီး မျက်လုံးချင်းမဆုံမိအောင်ရှောင်နေသည်။ထို့နောက် တစ်ခွန်းချင်းပြောလာသည်။

"ဟို..ဟိုလေ အရင်တုန်းက ကျွန်တော်က ခင်ဗျားကိုဘယ်လိုခေါ်လဲ"

             အဂ္ဂက သူဆင်ထားသော ဂွင်ထဲသို့တည့်တည့်၀င်လာသောကြောင့် မဖုံးနိုင်မဖိနိုင်ပျော်နေသည်။ကျန်လူများက အဂ္ဂဘယ်လိုဖြေမလဲဟူသော အကြည့်မျိုးဖြင့်စူးစမ်းနေကြသည်။ထို့နောက် ချိုပြုံးရွှင်သောနှမပျိုငယ် မျက်နှာဖြင့် ပြောလိုက်သည်က ကျန်လူများအား ခဏတာ မှင်သက်သွားစေသည်အထိ။

ချစ်ခြင်းတည်စေWhere stories live. Discover now