Part-19💚💙💜

2.3K 191 75
                                    

Jk အိမ်တော်ကိုဖုန်းဆက်လိုက်သည် ။နှစ်ရက်လောက်ထပ်နေမှာလို့ပြောရင်း ဟိုတစ်ယောက်ကိုလည်း အချစ်ဦးဆိုသူနှင့်တွေ့မတွေ့ စုံစမ်းချင်၍ပင် ။

"ဟုတ်ကဲ့ ဂျွန်အိမ်တော်က ပြောနေပါတယ်ရှင့်~"

တစ်ဖက်က အ​ေစခံမိန်းကလေးရဲ့စကားအဆုံး..

"ငါဂျွန်ဂျောင်ကု!အမေရှိလား?"

"အော်..သခင်မကြီးက ဒီနေ့ဆိုင်ကိုစောစောသွားပါတယ်ရှင့်~"

"ကင်မ်ဆော့ဂျင် အိမ်မှာရှိလား?"

"ဟို..ဟို..မရှိပါဘူးရှင့်!"

"ဘယ်သွားတာလဲ?"

"သခင်လေးဆော့ဂျင်က ပြောမသွားလို့မသိပါဘူး သခင်လေးဂျောင်ကု~"

"ကျစ်!နောက်ခါ သူအပြင်သွားရင် သေချာမေး..ပြီးရင် ငါ့ကိုအကြောင်းကြား!"

"ဟုတ်..ဟုတ်ကဲ့!"

"ငါဒီမှာနှစ်ရက်ထပ်ကြာဦးမှာလို့ သခင်မကြီးကိုပြောလိုက်!"

"ဟုတ်ကဲ့ သခင်လေး~"

ထို့နောက် စိတ်တိုတိုနှင့် ဖုန်းကို ဂွက်ခနဲ မြည်အောင်ချပစ်လိုက်တော့သည် ။

"ဘာတွေဒေါသထွက်နေတာလဲ?"

ထယ်ယောင်းက သူ့နားလာကာမေးလေသည် ။ဂျောင်ကုအ​ပြုံးတစ်ခုအမြန်ချိတ်ဆွဲလိုက်ပြီး..

"မဟုတ်ပါဘူး..ဒီတိုင်း..ဒါနဲ့ စာချုပ်ချုပ်ပြီးရင် ကျွန်တော်တို့ ဒီမှာ နှစ်ရက်လောက်ထပ်နေကြရအောင်~"

"အင်း..ဒါဆို သွားကြမယ်!"

"အွန်း!"

Th ကအရှေ့ကနေ ဦးဆောင်ပြီးထွက်သွားလေသည် ။အနောက်က ဂျောင်ကုကတော့ တစ်ဖန် ဒေါသတို့က ထွက်နေပြန်သည် ။

ဘယ်တွေသဝေထိုးနေပြန်တာလဲ!ကင်မ်ဆော့ဂျင်!!

🥀🥀🥀🥀🥀နွံ🥀🥀🥀🥀🥀

ယနေ့တွင်တော့ ဆရာဝန်မင်ယွန်းဂီမှ ဂေဟာအတွက် လိုအပ်သည့်ဆန်..ဆီ..ဆား အပြင် ကလေးတွေအတွက် စာရေးကိရိယာတွေနဲ့ မုန့်တွေကို လာရောက်လှူဒါန်းလေသည် ။

"ကျေးဇူးတင်ပါတယ် ဆရာယွန်းဂီရယ်~"

ဂေဟာမှုးက ဝမ်းသာအားရနဲ့ပြောလေသည် ။

နွံWhere stories live. Discover now