Part 10

164 45 2
                                    

Unicode

မနက်လေးနာရီ ထိုးတာနှင့် သူတို့ရဲ့ခရီးကိုစတင်လိုက်သည်။
ရောင်နီတောင် ထွက်မလာသေးပေ။

"ဂျောင်ဝူး ငါ့ကိုစောင့်ပြီး ဖြေးဖြေးသွားပေးနော် "

ဂျောင်ဝူး သူ့နားနား‌ေလးကပ်ကာ တိုးတိုးလေးလာပြောသည့် ဂျောင်ဟွမ်ကို ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း မနိုင်ရင်ပြော ငါကူသယ်မယ် "

"ရတယ် မင်းလဲ ယူလာတာအများကြီးဘဲကို
ငါင  ဒီလောက်ကအေးဆေး"

"အေး ရူတို ရောင်နီပျိုးလာရင် ငါ့ကိုဓာတ်ပုံရိုက်ပေးအုံး "

ဂျောင်ဝူး ဂျောင်ဟွမ်ကို ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်ပြီး သူ့ဘေးတစ်ဖက်က ဟာရူတိုကို လှမ်းပြောလိုက်သည်။

"အင်း ရိုက်ပေးမယ်လေ "

"ဂျောင်ဝူး ငါရိုက်ပေးမယ် ငါ့အဖေ ကင်မရာကြီးယူလာတယ်ကွ တန်တန့်တန် "

ဂျောင်ဟွမ်က လမ်းလျှောက်နေရင်းနဲ့ ဘေးလွယ်အိတ်ထဲက ကင်မရာကိုထုတ်ပြသည်။

"မင်းတို့နှစ်ယောက်ကို ငါရိုက်ပေးမယ် "

ဟာရူတိုက ဂျောင်ဟွမ်လက်ထဲက ကင်မရာကို ကြည့်ရင်း ပြောလိုက်တော့ ဂျောင်ဟွမ်က

"ရိုက်တတ်တယ်လား "

"နဲနဲပါ "

"Ok ok ခနနေ အားကိုးမယ်နော် ရော့ယူထားလိုက်တော့ "

ဂျောင်ဟွမ်က ပြောရင်း သူ့ကင်မရာကို ဟာရူတိုဆီထိုးပေးကာ ခပ်မြန်မြန်လျှောက်သွားတော့သည်။

""ခနနေ ငါမင်းကို ရိုက်ပေးမယ် "

ဟာရူတို  ဂျောင်ဝူးဘေးနားကနေ လျှောက်လိုက်ရင်း
ကင်မရာကို မြောက်ပြကာပြောလိုက်သည်။

"အင်း "

မနက်ငါးနာရီခွဲတော့ သူတို့လဲ ခရီးရဲ့ သုံးပုံတစ်ပုံလောက်ရောက်နေပြီဖြစ်သည်။
ရောင်နီလဲ ပျိုးလာပြီဖြစ်သည်။

"ဆယ့်ငါးမိနစ်‌ေလာက် နားကြမယ်နော် "

‌ဆရာရဲ့ အသံကြောင့် ဂျောင်ဝူး လွယ်ထားသည့် အိတ်ကို ပစ်ချကာ တောင်အစွန်းနားလေးသို့ ‌ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now