17.

1.7K 131 3
                                    

ချစ်သည်းတုန်က ပစ္စည်းတွေ နေရာချနေသော မောင့်အနားသို့ ရေတစ်ခွက်နဲ့လျှောက်လာခဲ့သည်။

" မောင် ရေသောက်လိုက်နော်.. ချွေးတွေလည်းပြန်နေတယ် ကြည့်ပါအုန်း ''

ချစ်သည်းတုန်က ပြောပြောဆိုဆိုနဲ့ အင်ကျီအိတ်ကပ်ထဲက ပုဝါဖြူလေးကို ထုတ်ကာ ချွေးသုတ်ပေးလိုက်သည်။

" ချစ်သည်းတုန်.. မောင့်ဘဝထဲကို ခြေစုံပစ်ပြီး သတ္တိရှိရှိဝင်လာပေးလို့ ကျေးဇူးပါ ''

မောင့်ရဲ့ မျက်ဝန်းတွေကို ချစ်သည်းတုန်က စိုက်ကြည့်ပြီး မောင့်နဖူးလေးအား နမ်းရှိုက်လိုက်သည်။

" ငါက မောင့်ကို ကျေးဇူးတင်ရမှာပါ.. ငါ့ကို မောင့်ဘဝထဲဝင်လာခွင့်ပေးလို့ ''

မောင်က ချစ်သည်းတုန်၏ ခါးလေးကို ဆွဲယူကာ သိုင်းဖက်လိုက်ပြီး ချစ်သည်းတုန်လေးရဲ့တစ်ကိုယ်လုံးအား သိမ်းကျုံးလို့ ရင်ခွင်ထဲကို ထည့်ထားလိုက်သည်။

" မောင်.. ဘာလုပ်စရာရှိသေးလဲ ''

" ဟင့်အင်း မရှိတော့ဘူး ချစ်သည်းတုန်ရဲ့ ဘာလို့လဲ ''

" ဒါဆို ရေချိုးတော့နော်..ငါက အင်ကျီထုတ်ပေးထားမယ်.. ညစာလည်း ချက်ပြုတ်ပြီးပြီဆိုတော့ ပြီးရင် အတူတူ စားကြမယ်လေ ''

မောင်က ချစ်သည်းတုန်ရဲ့စကားကြောင့် မလွှတ်ချင်လွှတ်ချင်နဲ့သာ လွှတ်လိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။

တစ်ထပ်အိမ်ဖြစ်ပြီး အခန်းဖွဲ့ကျယ်ဝန်းတာကြောင့် သူတို့အတွက် လုံးဝကိုအဆင်ပြေသည်။
အိမ်ထဲတွင် လျှောက်ကြည့်နေရင်း ဧည့်ခန်းထဲက  ဓာတ်ပြားနားထောင်ဖို့အတွက်ရှိနေသော သံပတ်လှည့်ဓာတ်ပြားစက်နဲ့ တယ်လီဗွီးရှင်း အသေးလေး နဲ့ ဂျပန်နိုင်ငံထုတ် ကတ်ဆက် လေးကလည်း ရှိသေးသည့်အပြင် ပီယာနိုတစ်ခုကလည်း အိန္ဒြေရရရှိနေသေးသည်။

နံရံမှာ ချိတ်ထားသော တယောလေးကိုလည်း တွေ့လိုက်ရတာမို့ မောင်ဟာ အနုပညာကို လိုက်စားသူမှန်း ချစ်သည်းတုန်က မှတ်ချက်ပြုသည်။

မီးဖိုခန်းဘက်မှာ ဟင်းလျာတွေပြန်နွှေးဖို့အတွက် gas မီးလေးအနည်းငယ်ချိန်ညှိလိုက်သည်။

The Billets-Doux From Wang ♡.[Completed ]Dove le storie prendono vita. Scoprilo ora