Part 20*

3.3K 267 8
                                    

" ဘာတွေ ဝမ်းနည်းသွားတာလဲ ကလေးရဲ့။ ဟင် ကိုယ့်ကိုပြောပြပါဉီး "

ရင်ခွင်ထဲထည့်ခံထားရသော ဟန်မှာ ဉီးဇန်ရဲ့ နူးညံ့သော အမေးကြောင့် ဝမ်းနည်းစိတ်များပိုဖြစ်လာရသည်။ ရုတ်တရက် မခံမရပ်နိုင်အောင် ခေါင်းမူးသွားပြီးနောက် အားငယ်စိတ်က ချက်ချင်းဝင်လာတာပင်။ သတိမထားမိခင်အချိန်မှာပဲ မျက်ရည်တွေကျကာ ဝမ်းနည်းသွားခဲ့တာဖြစ်သည်။

နေမကောင်းဖြစ်ဖြစ်ချင်း ဘေးမှာမိသားစုဝင်ကလည်းရှိမနေသလို သူ့အားစောင့်ရှောက်ပေးသည့် ဉီးဇန်ကလည်း အနားမှာရှိမနေခဲ့ပါ။ ထိုစဉ် ဆရာဝန်ရဲ့ဆေးထိုးခြင်းကိုလည်း ခံလိုက်ရသေး၏။

" ကျွန်တော့်ဘေးမှာ ဘယ်သူမှမရှိလို့ ဝမ်းနည်းသွားတာ။ "

" ကိုယ် မှားသွားတာ။ မနက်က ဟန် မျက်နှာမလန်းတာ စတိထားမိရက်နဲ့ ကျောင်းကိုလွှတ်လိုက်မိတာ။ "

" ဒါတော့ဘယ်ဟုတ်မလဲဗျ။ ကျွန်တော်ကိုယ်တိုင်က နေမကောင်းဖြစ်သွားမယ်လို့မှမထင်ထားခဲ့တာ။ "

" အင်း။ အခု အိပ်လိုက်ဉီး။ ကိုယ်အနားမှာရှိနေမယ်။ "

" ဟုတ် "

" အင်း "

ရင်ခွင်ထဲက အကောင်ပေါက်လေးက မျက်နှာတွေနီရဲနေကာ တစ်မျိုးတစ်မည်ချစ်ဖို့ကောင်းနေ၏။ မျက်လုံးတွေမှိတ်ထားလိုက်တော့ ဉီးဇန်က မျက်ခွံလေးကို တယုတယနမ်း၏။ ဟန် အထိအတွေ့ကြောင့် ရင်ခုန်လွန်းနေသော်လည်း အိပ်ချင်ယောင်သာဆောင်နေမိသည်။

နိုးနိုးလာချင်းတုန်းက ဉီးဇန်ရဲ့ စိုးရိမ်ပူပန်နေတဲ့မျက်ဝန်းတွေကို အထင်းသားမြင်ခဲ့ရသည်။ ဉီးဇန်ရဲ့ စိတ်မရှည်မှုဆိုတာတွေကို မတွေ့ခဲ့ရဖူးသည်က သူကံကောင်းလွန်းသည်ဟုပင် ယူဆရမည်။

လုံခြုံသော ရင်ခွင်ထဲသို့ရောက်နေသည့်နှယ် ဟန်ဟာ ဉီးဇန်ရဲ့ရင်ခွင်ထဲ အပူအပင်ကင်းကင်းနဲ့အိပ်ပျော်သွားတော့သည်။

......................

တစ်ဖက်တွင်...

ခွပ်!!!!

" တောက်စ်! အဖေ့မျက်နှာကို အိုးမဲသုတ်တဲ့ကောင်! မင်း ဘယ်ခြေလှမ်းတွေလှမ်းနေတာလဲ ပြောစမ်း! ကျော်ခန့်ပိုင်! "

DEARESTWhere stories live. Discover now