8

945 72 9
                                    

Unicode

ကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ပျော်ဖို့ကောင်းတဲ့နွေရာသီလဲ ကုန်လွန်ခဲ့ပြန်ပြီ။ နေရာအသစ်မှာ ရှောင်းကျန့်အဆင်ပြေရဲ့လားလဲ ဝမ်ရိပေါ်မှာ တွေးပူရပါသေးတယ်။

သူကတော့ပုံမှန်ပဲကျောင်းကိုသွားတယ်။ ဘေးမှာအတူသွားနေကျ ရှောင်းကျန့်ကတော့ မပါဘူး။ ရှောင်းကျန့်လက်ရှိတက်နေတဲ့ကျောင်းက အိမ်နဲ့နည်းနည်းဝေးတော့ အဆောင်မှာသွားနေရတယ်။

ွသူတို့တစ်ပတ်တစ်ခါလောက်တော့ တွေ့ဖြစ်ကြပါတယ်။ ညတိုင်းလဲ ဖုန်းပြောဖြစ်တယ်။ ဝမ်ရိပေါ်ကို မာမားက ဖုန်းသိမ်းမယ်ပြောတုန်းက ဝမ်ရိပေါ်အသာတကြည်ပဲ ပေးခဲ့လိုက်တယ်။

မာမားဖုန်းဘယ်နားသိမ်းမယ်ဆိုတာ သူက သိတယ်။ ဒီတော့ နောက်မှ အဲ့ဒီဖုန်းကို သူပြန်ယူထားလိုက်တယ်။ ေရှာင်းကျန့်နဲ့ ဆက်သွယ်လို့ရမယ့်နည်းက ဒီတစ်နည်းပဲရှိတာမို့ သူလည်းမတတ်နိုင်ဘူးလေ။ မာမားကိုတော့ စိတ်ထဲကနေပဲ တောင်းပန်လိုက်ရပါတယ်။

အခန်းပြတင်းကို ဖွင့်လိုက်တာနဲ့ တန်းတန်းက ရှောင်းကျန့်အခန်းလေးကိုလှမ်းမြင်ရတယ်။ ရှောင်းကျန့်တော့ရှိမနေပေမယ့် ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်အခန်းဆိုတဲ့အသိနဲ့တင် ငေးနေတော့တာပဲ။

မာမားအိပ်လောက်ပြီဆိုမှ အိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းလေးထုတ်ပြီး ရှောင်းကျန့်ဆီ ဖုန်းခေါ်ရတယ်။ ဖုန်းဝင်ပြီးမကြာဘူး။ ရှောင်းကျန့်ရဲ့အသံလေးက ကြည်ကြည်လင်လင် ထွက်လာပါတယ်။

"ဟဲလို"

"လွမ်းလိုက်တာဗျာ"

သူဒီလိုပြောတော့ ရှောင်းကျန့်ရယ်သံလေးကြားရတယ်။

"ငါတို့နေ့ခင်းကမှ တွေ့ထားကြတာလေ"

"အဲ့လိုဆိုလည်းလွမ်းတာပဲ၊ ကိုကို"

"အဟမ်း!"

ရှောင်းကျန့်ရဲ့ ချောင်းဟန့်သံလေး။ အရင်ကဆို ဝမ်ရိပေါ် ကိုကိုလို့ခေါ်ရင် ရှောင်းကျန့်ဘယ်လိုမှမနေပေမယ့် ရည်းစားဖြစ်ပြီးနောက်ပိုင်း အဲ့လိုခေါ်တာနဲ့ ရှောင်းကျန့်ကရှက်တော့တာပဲ။

You've reached the end of published parts.

⏰ Last updated: Sep 30, 2022 ⏰

Add this story to your Library to get notified about new parts!

You Are My NecessityWhere stories live. Discover now